အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် တောင်အမေရိကတိုက်ရှိ တီတီကာကာ ရေကန်ကြီး စံချိန်တင် ရေခမ်း
ရောင်နီ (NSS) - နိုဝင်ဘာ ၅
တောင်အမေရိကတိုက်၊ ဘိုလီးဗီးယားနယ်စပ်၊ အင်ဒီးတောင်တန်းတွေကြားမှာ တည်ရှိတဲ့ နာမည်ကျော် ကမ္ဘာ့ အမြင့်ဆုံး တီတီကာကာ ရေကန်ကြီးဟာ အယ်နီညိုလို့ လူသိများတဲ့ ရာသီဥတုဖြစ်စဉ်ကြောင့် စံချိန်တင် ရေခမ်း နေပြီး လာမယ့်လတွေအတွင်း အခြေအနေ ပိုမိုပြင်းထန်လာဖွယ်ရှိတယ်လို့ ယူဆထားပါတယ်။
ပီရူးနိုင်ငံ မိုးလေဝသနဲ့ဇလဗေဒဝန်ဆောင်မှုဌာန Senamhi မှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ မီလာဂရောစ့်ကွစ်ပီ က ဧပြီလမှစ အင်ဒီးစ်တောင်တန်းတွေပေါ်မှာ တည်ရှိနေတဲ့ နာမည်ကျော် ရေချိုရေကန်ဟာ တစ်လကို ပျမ်းမျှ ၄ လက်မ (၁ဝ စင်တီမီတာ) နှုန်း ကျဆင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။
ပြင်းထန်တဲ့ မိုးခေါင်ရေရှားအခြေအနေတွေနဲ့ ပုံမှန်မဟုတ်တဲ့ အပူချိန်မြင့်မားမှုတွေဟာ တောင်အမေရိကရဲ့ အကြီးဆုံးနဲ့ ကမ္ဘာပေါ်မှာ အမြင့်ဆုံး ရေပြင်ဖြစ်တဲ့ တီတီကာကာကို ရေနယ်နိမိတ် ကျဉ်းသွားစေခဲ့ပါတယ်။ ယခု အချိန်ထိအတွင်း တီတီကာကာ ရေမျက်နှာပြင်ဟာ ၁၃ လက်မ (၃၃ စင်တီမီတာ) ထိ စံချိန်တင် နိမ့်ဆင်းလာနေပြီ ဖြစ်ပါတယ်။ အလွန်အမင်းခြောက်သွေ့ခြင်းနဲ့ အပူရှိန် ၂ ဆဖြစ်လာခြင်းဟာ ပုံမှန်ထက်ပိုတဲ့ ရေငွေ့ပျံခြင်းကို ဖြစ်စေတယ်လို့ ကွစ်ပီမှပြောကြားခဲ့ပါတယ်။
အယ်နီညိုဟာ ပီရူးနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်မှာ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်စေခဲ့ပေမယ့် ကူန်းပြင်မြင့်တွေမှာတော့ မိုးခေါင်ရေရှားမှုအခြေအနေများ ဖြစ်ပေါ်စေခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းမြောက်တိုက်ပွဲတွေရဲ့ ဆိုးကျိုးအဖြစ် စားနှပ်ရိက္ခာနဲ့ လောင်စာဆီပြတ်တောက်မှုတွေဖြစ်မယ်၊ တရုတ်ဘက်ကို စစ်ရှောင်ရတဲ့မြန်မာတွေရဲ့ဘဝ၊ ကောလင်းနဲ့ အနောက်မြောက်တိုင်းဒေသတစ်လွှားက တိုက်ပွဲ (၄-၁၁-၂ဝ၂၃)
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း