ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်မောင်းသူ အိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ရောက်ရှိ တိမ်းမှောက်မှုဖြစ်ပွား
သန့်ဇင် (NSS) - နိုင်ဝင်ဘာ ၄
မန္တလေးတိုင်း၊ ပျော်ဖွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Toyota Kluger ယာဉ်မောင်းသူ အိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ရောက်ရှိ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့ (နိုဝင်ဘာလ ၃ ရက်)၊ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်က ပျော်ဖွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ်(၂၅၅) မိုင်၊ ၂ ဖာလုံ နှင့် ၃ ဖာလုံကြားတွင် ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန် ထားသည်။
ရန်ကုန်ဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာသည့် Toyota Kluger အမျိုးအစားယာဉ်သည် အခင်းဖြစ်နေရာ အရောက်တွင် ယာဉ်မောင်းသူသည် အိပ်ငိုက်ခဲ့သဖြင့် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ရောက်ရှိ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုသား(၂)ဦး နှင့် အမျိုးသမီး(၃)ဦးအနက် အမျိုးသား(၂)ဦးမှာ ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ/ မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းယာဉ်တိမ်းမှောက်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၂)ဦးအား နေပြည်တော်ကုတင် (၁ဝဝဝ) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်စ်နဲ့ အစ္စရေးတို့ဖြစ်ပွားနေတဲ့စစ်ပွဲထဲကို ပါဝင်တိုက်ခိုက်နေကြောင်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ