ဟားမက်စ်နဲ့ အစ္စရေးတို့ဖြစ်ပွားနေတဲ့စစ်ပွဲထဲကို ပါဝင်တိုက်ခိုက်နေကြောင်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၄
လက်ဘနွန်တောင်ပိုင်းအခြေစိုက် ဟစ်ဘိုလာအုပ်စုက ၎င်းတို့ဟာ ဂါဇာဒေသမှာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေ နိုင်ပွဲရယူနိုင်ချိန်အထိ အစ္စရေးနိုင်ငံပိုင်နက်တွေကို ပစ်ခတ်တိုက်ခိုက်သွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
အစ္စရေးကို တိုက်ခိုက်နေခြင်းဟာ အနာဂတ်ကို ပြောင်းလဲမယ့် စစ်ပွဲဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း၊ ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လာမယ့်အောက်တိုဘာ ၈ ရက်ကတည်းက စစ်ပွဲထဲ ပါဝင်ခဲ့ကြောင်း ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Hassan Nasrallah က ပြောပါတယ်။
၎င်းက "ဂါဇာဒေသမှာ ဖြစ်နေတဲ့အရာတွေဟာ နောက်ထပ် စစ်ပွဲ မဟုတ်ဘူး။ ဒီတိုက်ပွဲတွေရဲ့အကျိုးဆက်တွေဟာ အနာဂတ်ကို အပြောင်းအလဲပြုလုပ်နိုင်ဖွယ်ရှိနေပါတယ်။ ဟားမက်စ်အုပ်စုတွေဟာ အစ္စရေးကို အနိုင်ရယူနိုင်ဖွယ် ရှိနေပါတယ်" လို့ ပြောပါတယ်။
ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဟာ အစ္စရေးနဲ့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်း အခုလိုမျိုး ပထမဆုံးအကြိမ် ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ ၎င်းက ဟစ်ဘိုလာအုပ်စုဟာ စီစဉ်ထား တဲ့တိုက်ပွဲမှာ ပါဝင်ဖို့ အစီအစဉ်မရှိခဲ့ကြောင်း၊ ဒါပေမယ့် တိုက်ပွဲထဲ ဝင်ရောက်ဖို့အခွင့်ရေးကို ရယူသွားမှာဖြစ် ကြောင်း ပြောပါတယ်။
ဟစ်ဘိုလာအုပ်စုဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အစ္စရေးနိုင်ငံပိုင်နက်ထဲကို ရော့ကတ်ဒုံးကျည်တွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာမျိုးတွေ ရှိနေခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဟာ ဟစ်ဘိုလာအဖွဲ့ရဲ့ပစ်ခတ်မှုတွေကို အမြှောက်တွေ၊ ဒရုန်းတွေနဲ့ ပြန်လည်ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်မဲမြို့၌ စက်သုံးဆီ အရောင်းဆိုင်အချို့ပိတ်ထား
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း