ပင်လုံမြို့တွင် နေအိမ်မီးလောင်မှုကို သွားရောက်မီးငြှိမ်းသတ်ပေးသည့် အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့
သန့်ဇင်(NSS) - နိုဝင်ဘာ ၁
ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် နေအိမ်မီးလောင်မှုကို သွားရောက်မီးငြှိမ်းသတ်ပေးသည့် အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၃၁ ရက်)၊ ည ၇ နာရီဝန်းကျင်အချိန်တွင် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေပြည်သာရပ်တွင် ဖြစ်ပွားခဲ့ကြောင်း ပင်လုံပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
“မီးစလောင်တဲ့အိမ်က တစ်အိမ်သားလုံးက မီးပုံးပျံပွဲကိုရောက်နေကြတာ။ ပွဲနားရောက်ခါနီးမှ အိမ်ကမီးထလောင်တာပါ။ ဘယ်လိုကြောင့် လောင်လဲဆိုတာတော့ စစ်ဆေးတုန်းပါ” ဟု ပင်လုံပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ မီးလောင်မှုတွင် သွားရောက်မီးငြှိမ်းသတ်ပေးသည့် အသက်(၄၁)နှစ်အရွယ်အမျိုး သမီးသည် နေအိမ်(၂)ခုကိုသွယ်တန်းထားသည့် လျှပ်စစ်ဓာတ်ကြိုးအား အမှတ်မထင်ဆွဲမိရာမှ ဓာတ်လိုက်သေဆုံးသွားခဲ့ကြောင်း သိရသည်။
“သေဆုံးသွားတဲ့အမျိူးသမီးက မီးလောင်တဲ့အိမ်ဘေးနားက အိမ်နီးနားချင်းပေါ့နော်။ သူက မီးလောင်နေတဲ့အိမ်ကို သွားပြီး ရေနဲ့ပတ်တဲ့အချိန် ချော်လဲတော့ သွယ်တန်းထားတဲ့ မီးကြိုးကိုဆွဲလိုက်မိတာမှာ ဓာတ်လိုက်ပြီး ဆုံးသွားတာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
နေအိမ်မီးလောင်မှုအား တစ်ရီခန့်အကြာ မီးငြှိမ်းသတ်ခဲ့ရပြီး ဓာတ်လိုက်သေဆုံးသူအမျိုးသမီးကို ပင်လုံမြို့တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းများ နဲ့ အကြိမ်ပေါင်း ၁၄၅ ကြိမ် ဆက်သွယ်ဆွေးနွေးခဲ့ဟု အင်ဒိုနီးရှားအစိုးရပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ