မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းများ နဲ့ အကြိမ်ပေါင်း ၁၄၅ ကြိမ် ဆက်သွယ်ဆွေးနွေးခဲ့ဟု အင်ဒိုနီးရှားအစိုးရပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁
အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရေးအခက်ခဲများကိုဖြေရှင်းနိုင်အောင်ကြိုးပမ်းမှုအဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်ကာလအတွင်းမှာ မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းများနဲ့ ၁၄၅ ကြိမ် ဆက်သွယ်ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီ က ထုတ်ဖော်ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရေးအခက်အခဲကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံ ပူးပေါင်းချဉ်းကပ်မယ့်အစီအစဉ်မှာ ဆက်လက်ပါဝင်သွားမှာဖြစ်ကြောင်း ဝန်ကြီး ရက်နိုမာဆူဒီက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ စက်တင်ဘာလက ကျင်းပခဲ့တဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံ ချဉ်းကပ်မယ့်အစီစဉ်ကို သဘောတူညီခဲ့သလို အာဆီယံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ရေးကို ဆက်လက်လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။
အဆိုပါအာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံ ပူးပေါင်းချဉ်းကပ်မယ့်အစီအစဉ်ကို လာအိုနိုင်ငံ လက်ထက်မှာ စတင်ဖွယ်ရှိနေပြီး အဲဒီအစီအစဉ်အရ ၂ဝ၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၊ ၂ဝ၂၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူမယ့် လာအိုနိုင်ငံ၊ ၂ဝ၂၅ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် မလေးရှားနိုင်ငံ တို့ ပူးပေါင်းချဉ်းကပ်ရဖွယ်ရှိနေကြောင်း သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက "မြန်မာနိုင်ငံဟာ အာဆီယံသဘောတူညီချက်ငါးချက်ကို သိသာတိုးတက်အောင် အကောင်အထည်ဖော်နိုင်တာမျိုးမရှိဘူး။ ကျွန်မတို့ဟာ မြန်မာနိုင်ငံကို အာဆီယံသဘောတူညီချက် ငါးချက်အကောင်အထည်ဖော်ရေးအတွက် တွန်းအားပေးလှုံဆော်မှုတွေ ဆက်လက်လုပ်ဆောင်မယ်။ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာအရေးအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံချဉ်းကပ်မယ့်အစီအစဉ်မှာ ပူးပေါင်း ပါဝင်မယ်။ ကျွန်မတို့ဟာ မြန်မာပြည်သူတွေအတွက် အဓိကအာရုံစိုက်လုပ်ကိုင်သွားမှာပါ" လို့ ပြောပါတယ်။
အင်ဒိုနီးရှားအစိုးရဟာ မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး နစက၊ အမ်ယူဂျီ အပါအဝင် အခြားတိုင်းရင်းသားအဖွဲ့အစည်းများနဲ့လည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှေးမြန်မာဘုရင့်အသုံးအဆောင်ပစ္စည်းများကို ပြည်သူများကြည့်ရှုနိုင်ရန် လာရောက်လှူဒါန်းနိုင်ကြောင်း MORAC အသိပေး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း