ခရီးသွားဧည့်သည်များပြားမှုကြောင့် ဝန်မနိုင်ဖြစ်ကာ မန္တလေးဦးပိန်တံတား ကျိုးကျမှုဖြစ်ပွား
Pearl (NSS) - အောက်တိုဘာ ၂၉
ခရီးသွားဧည့်သည်များပြားမှုကြောင့် ဝန်မနိုင်ဖြစ်ကာ မန္တလေးဦးပိန်တံတား ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၂၉ ရက်)၊ နေ့လည် (၂)နာရီ အချိန်ခန့်တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတား ရှေ့ဘက်ခြမ်းတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့(အောက်တိုဘာ ၂၉ ရက်) သီတင်းကျွတ်လပြည်နေ့တွင် တောင်သမန်ဦးပိန်တံတား၌ ပြည်တွင်းခရီးသွားဧည့်သည်များ အများအပြား လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ခရီးသွားဧည့်သည်များပြားမှုကြောင့် ဦးပိန်တံတား အရှေ့ဘက်ခြမ်းရှိ တံတားအမှတ် (၄/၅) တို့သည် ဝန်မနိုင်ဖြစ်ကာ ကျိုးကျသွားခဲ့ကြောင်း သိရသည်။
"အရှေ့ဘက်ကမ်းကဖြစ်တာ။ တံတားအမှတ် (၄/၅) အကန့်လိုက်ပြုတ်ကျတာပေါ့။ လူအရမ်းများပြီး ဝန်မနိုင်တော့ဘဲ အတွဲလိုက် ပြုတ်ကျသွားတာ ။ ကြီးကြီးမားများထိခိုက်ဒဏ်ရာရတဲ့ လူတော့ မရှိပါဘူး" ဟု ဒေသခံများက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် လာရောက်လည်ပတ်သူ ခရီးသွားများအနက် အမျိုးသား(၁၅)ဦး နှင့် အမျိုးသမီး(၈)ဦး ရေထဲပြုတ်ကျခဲ့ပြီး ပွန်းပဲ့ဒဏ်ရာအချို့ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တာဝန်ရှိသူများ နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက လိုအပ်သော ကူညီကယ်ဆယ်ရေးနှင့် တံတားပြုပြင်ရေးများကို ဆက်လက်လုပ်ဆောင်ပေးနေကြောင်း သိရသည်။
ဦးပိန်တံတားသည် သက်တမ်း ၂ဝဝ နီးပါးရှိပြီဖြစ်ပြီး၊ တောင်သမန်အင်းကိုဖြတ်၍ ဖောက်လုပ်ထားခြင်းထားဖြစ်ကာ၊ ကျွန်းသစ်များဖြင့် ထည့်သွင်းတည်ဆောက်ထားသည့် ကမ္ဘာကျော် သစ်သားတံတားတစ်စင်းလည်း ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နာမည်ကျော် Friend ဇာတ်လမ်းတွဲထဲက မင်းသား မက်သော်ပဲရီ အသက် ၅၄ နှစ်မှာ ကွယ်လွန်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း