ပါလက်စတိုင်းလိုလားသည့်အကြောင်းအရာများကို ပိတ်ပင်ထားသည်ဆိုသည့်ပြောဆိုချက်ကို TikTok ကုမ္ပဏီ ငြင်းဆန်ပယ်ချ
Pika (NSS) - အောက်တိုဘာ ၂၇
ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်သော TikTok သည် ပါလက်စတိုင်းလိုလားသော အကြောင်းအရာများကို ၎င်း၏ ပလက်ဖောင်းပေါ်တွင် ပိတ်ပင်ထားကြောင်း ပြောဆိုခဲ့သည့် မလေးရှားအစိုးရ၏ စွပ်စွဲပြောဆိုချက်များမှာ အခြေအမြစ်မရှိသောပြောဆိုချက်များသာဖြစ်ကြောင်း TikTok ကုမ္ပဏီက အောက်တိုဘာလ(၂၇)ရက်တွင် ထုတ်ပြန်ပြောခဲ့သည်။
မလေးရှားအစိုးရက TikTok နှင့် Meta ကုမ္ပဏီများသည် ၎င်းတို့၏ ပလက်ဖောင်းများပေါ်တွင် ပါလက်စတိုင်း ထောက်ခံသည့်အကြောင်းအရာများကို ကန့်သတ်ထားကြောင်း စွပ်စွဲပြောဆိုခဲ့သလို အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု အောက်တိုဘာလ(၂၆)ရက်တွင် သတိပေးပြော ဆိုခဲ့ကြောင်းသိရသည်။
မလေးရှားအစိုးရ၏ စွပ်စွဲပြောဆိုချက်များမှာ မှားယွင်းသောပြောဆိုချက်များသာဖြစ်ပြီး ၎င်း၏ ဖေ့စ်ဘုတ်ပလက်ဖောင်းပေါ်တွင် ပါလက်စတိုင်းထောက်ခံသည့်အကြောင်းအရာများကို တမင်ပိတ်ပင်ထား ခြင်းမျိုးမရှိကြောင်း Meta ကုမ္ပဏီက ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။
ထို့အပြင် ပါလက်စတိုင်းလိုလားသည့် အကြောင်းအရာများကို ပိတ်ပင်ထားသည်ဆိုသည့် မလေးရှားအစိုးရ၏ စွပ်စွဲ ပြောဆိုချက်များကို TikTok ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူတစ်ဦးက ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်း သိရသည်။
အဆိုပါပြောရေးဆိုခွင့်ရှိသူက "မလေးရှားအစိုးရရဲ့စွပ်စွဲပြောဆိုချက်တွေဟာ အခြေအမြစ်မရှိတဲ့ ပြောဆိုချက်တွေ ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ပလက်ဖောင်းပေါ်မှာ အကြောင်းအရာတွေအားလုံးကို တန်းတူညီမျှတင်ခွင့်ပေးထား ပြီး ကျွန်တော်တို့ချမှတ်ထားတဲ့ မူဝါဒအတိုင်း လိုက်နာဆောင်ရွက်သွားဖို့လည်း ကတိပြုထားပါတယ်" ဟု ပြောခဲ့သည်။
Meta နှင့် TikTok တို့သည် အစ္စရေးကို တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သော ဟားမက်လက်နက်ကိုင်အဖွဲ့ကို အန္တရာယ်ရှိသောအဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ထားပြီး ၎င်းတို့အား ချီးကျူးပြောဆိုသည့်အကြောင်းအရာများကို ပိတ်ပင်ထားကြောင်း အစောပိုင်းက သတင်းများထွက်ခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရပ်ဝန်း နှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုသည် ပြည်တွင်းကုန်စည်သယ်ယူပို့ဆောင်ရေး တိုးမြင့်စေပြီး ကုန်ကျစရိတ်များလျှော့ချနိုင်ဟုဆို
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ