အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၆၅၀၀ ကျော်သေဆုံးခဲ့ရသည်ဆိုသော ပြောဆိုချက်များကို အမေရိကန်သမ္မတ ငြင်းဆန်ပယ်ချ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၆
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားသော ဂါဇာဒေသတွင် သေဆုံးရသော ပါလက်စတိုင်းပြည်သူ အရေအတွက်ကိုယုံကြည်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးက အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ဂါဇာဒေသတွင် ပါလက်စတိုင်းပြည်သူအနည်းဆုံး ၆၅၀၀ ကျော်သေဆုံးထားကြောင်း သတင်းထုတ်ပြန်ထားသည်။ အစ္စရေးသည် အမေရိကန်အစိုးရ၏တောင်းဆိုမှုများကို မသိကျိုးကျွံပြုလုပ်ကာ ဂါဇာဒေသကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်နေကြောင်း သတင်းတွေကဖော်ပြနေသည်။ ဂါဇာဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့သော သူများထဲတွင် ကလေးငယ်ပေါင်း ၂၇၀၀ ကျော်ပါဝင်နေကြောင်း သိရသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က " ဂါဇာဒေသမှာ သေဆုံးနေသူအရေအတွက်နဲ့ပတ်သက်ပြီး ပါလက်စတိုင်း အာဏာပိုင်တွေပြောဆိုတာတွေကို အမှန်တရားလို့ ကျွန်တော်မယုံကြည်ဘူး။ အပြစ်မဲ့ပြည်သူတွေ သေဆုံးရတာမျိုးတွေရှိကောင်းရှိနိုင်ပါတယ်။ ဒါဟာ စစ်ပွဲကြောင့်ဖြစ်လာတဲ့ဈေးနှုန်းတွေပါပဲ" ဟုပြောသည်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးနိုင်ငံကိုစတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေး နှင့် ဟားမက်စ်အဖွဲ့ကြားစစ်ပွဲဖြစ်ပွားလာခဲ့ရာ အစ္စရေးနိုင်ငံသားအနည်းဆုံး ၁၄၀၀ ကျော်သေဆုံးခဲ့ကြောင်းသိရသည်။ အမေရိကန်သမ္မတက ဟားမက်စ်အဖွဲ့သည် ပါလက်စတိုင်းပြည်သူများ နောက် ကွယ်တွင်ပုန်းအောင်းနေကြောင်း ပြောသည်။
သမ္မတ ဂျိုးဘိုင်ဒန်က "အစ္စရေးဟာ ခက်ခဲမှုတွေရှိပေမယ့် ဟားမက်စ်အဖွဲ့ကိုချေမှုန်းနိုင်ဖို့ အရာရာတိုင်းလုပ်ဆောင်ဖွယ်ရှိနေပါတယ်။ ဂါဇာဒေသကိုတိုက်ခိုက်ချိန်မှာအရပ်သားတွေကို ကာကွယ်ပေးဖို့ ဆိုတာခက်ခဲပါတယ်။ ပါလက်စတိုင်းအာဏာပိုင်တွေဟာ သေဆုံးသူအရေအတွက်ကို ပိုပြောပြီးအသုံးချနေတာမျိုးတွေရှိကောင်းရှိနိုင်တယ်" ဟုပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အောင်ဆန်းအားကစားကွင်းကို တရုတ်နှင့်ပူးပေါင်းကာ အသစ်ပြန်လည်တည်ဆောက်ရန် စီစဉ်နေ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ