အမရပူရမြို့နယ်တွင် ဓားဒဏ်ရာ(၁၅)ချက်ခန့်ဖြင့် အသတ်ခံထားရသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
သန့်ဇင်(NSS) - အောက်တိုဘာ ၂၅
မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ဓားဒဏ်ရာ(၁၅) ချက်ခန့်ဖြင့် အသတ်ခံထားရသည့် အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအလောင်းကို ယနေ့ (အောက်တိုဘာလ ၂၅ ရက်) ၊ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်တွင် အမရပူရမြို့နယ်၊ မယ်တော်စုကျေးရွာ အနောက်ဘက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“ရွာကလူတွေ့ကတွေ့တော့ ကျွန်တော်တို့ကိုလှမ်းအကြောင်းကြားတာပေါ့နော်။ အဲဒါနဲ့ပဲ ကျွန်တော်တို့သွားသယ်ပေးတာပါ။ ဒဏ်ရာတွေ အများကြီးနဲ့ အသတ်ခံထားရတာပါ”ဟု မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
၎င်းအသက်ခံထားရသည့် အမျိုးသားသည် အမရပူရမြို့ နယ်၊ စည်ပင်ကျေးရွာတွင်နေထိုင်သည့် အသက်(၂၆)နှစ်အရွယ် ကိုမင်းပြည့်ဖြိုးခ(ခ)မင်းမင်းသန့်ဆိုသူဖြစ်ပြီး ဓားဒဏ်ရာ (၁၅)ချက်ခန့်ဖြင့် သတ်ဖြတ်ခံထားရကြောင်း သိရသည်။
“လည်ပင်းနဲ့ ပုခုံးကြားမှာ ဒဏ်ရာအကြီးကြီး (၂)ချက်ပါတယ်။ ဦးခေါင်းတင် ဓားနဲ့အခုတ်ခံရတဲ့ ဒဏ်ရာက (၁၀)ချက်လောက်ပါတယ်။ ဗိုက်တွေမှာလဲ ဓားဒဏ်ရာတွေရှိသေးတယ်ဗျ။ သူ့အိမ်ကလူတွေပြောကြတာတော့ မနေ့ကညနေထဲက သူ့သူငယ်ချင်း(၂) ယောက်နဲ့ ထွက်သွားတယ်လို့ပြောတယ်ဗျ။ သူ့သူငယ်ချင်းတွေကလဲ ခုထိပျောက်နေတုန်းပဲ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် အဆိုပါအမျိုးသား အလောင်းအား မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးရှာဖွေမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-25 / 4:00 PM)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ