အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-25 / 4:00 PM)
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၅
အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားစစ်ပွဲအရှိန်မြင့်တက်နေချိန်မှာပဲ အမေရိကန်အစိုးရဟာ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့တွေကို ကာကွယ်ပေးနိုင်ဖို့ F-16s တိုက်လေယာဉ်များစေလွှတ်ခဲ့ကြောင်းသိရပါတယ်။ အမေရိကန်အစိုးရဟာ အစ္စရေး နဲ့ ဟားမက်စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အရှေ့အလယ်ပိုင်းဒေသကို လေယာဉ်တင်သင်္ဘောအုပ်စုတွေ၊ စစ်သင်္ဘောတွေနဲ့တပ်ဖွဲ့ဝင်တွေစေလွှတ်ခဲ့ကြောင်းသိရပါတယ်။
လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မီကာတိက လက်ဘနွန်အစိုးရအနေနဲ့ ၂၀၀၆ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အစ္စရေး-လက်ဘနွန်စစ်ပွဲ အဆုံးသတ်ရေးကုလသမဂ္ဂဆုံးဖြတ် ချက်များကို လိုက်နာအကောင်ထည်ဖော်ဖို့ ကတိပေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာအဖွဲ့ဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒုံးကျည်များနဲ့ပစ်ခတ်တိုက်ခိုက်နေချိန်အတွင်း လက်ဘနွန်ဝန်ကြီးချုပ်က အခုလိုမျိုး အံ့အားသင့်ဖွယ်ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါတယ်။
အစ္စရေးအစိုးရဟာ ဟားမက်စ် နဲ့ အစ္စရေးနိုင်ငံကြားဖြစ် ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံရဲ့ရပ်တည် ချက်များကို ဝေဖန်ပြစ်တင်လိုက်ကြောင်းသိရပါတယ်။အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ရုရှားအစိုးရသံတမန်တွေရဲ့ပြောဆိုချက်များနဲ့ပတ်သက်ပြီး စိတ်ပျက်မိကြောင်း၊ ဝေဖန်ပြောဆိုခဲ့ပါတယ်။ ရုရှားအစိုးရက ဂါဇာဒေသအ ပေါ်ပြုလုပ်နေတဲ့ အစ္စရေးရဲ့လုပ်ရပ်တွေက ရက်စက်တဲ့နည်းလမ်းတွေဖြစ်နေကြောင်းဝေဖန်ခဲ့ဖူးပါတယ်။
မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင် အပါအဝင် လူပေါင်း ၁၆၀၀၀ ကျော်ဟာ အောက်တိုဘာလ ၂၄ ရက်ညပိုင်းက မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်တဲ့ ပါလက်စတိုင်းထောက်ခံဆန္ဒပြပွဲကို တက်ရောက်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါဆန္ဒပြပွဲကို လူတန်းစားပေါင်းစုံပါဝင်ခဲ့သလို အသက်အရွယ်အစုံပါဝင်ခဲ့ကြောင်းသိရပါတယ်။
အစ္စရေးစွမ်းအင်ဝန်ကြီးက ဂါဇာဒေသမှာပြုလုပ်နေတဲ့အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ အစွန်းရောက်အစ္စလာမ်တွေကို ဆန့်ကျင်တိုက်ခိုက်မယ့် တတိယကမ္ဘာစစ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ပြောပါတယ်။ ဂါဇာဒေသအပေါ် ပြုလုပ်နေတဲ့ အစ္စရေးရဲ့တိုက် ခိုက်မှုတွေကို ဒေသအတွင်းနိုင်ငံများအပြင် နိုင်ငံတကာဝေဖန်မှုများရှိနေကြောင်းသိရပါတယ်။ ဂါဇာဒေသမှာပြုလုပ်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကတဆင့် စစ်ဘောင်ပိုမိုကျယ်ပြန့်လာမှာကို နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်မှုမြင့်တက်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီလုပ်ငန်းရှင် ၂၁ ဦးကို ကျပ်သန်း ၁၇၀၀ကျော် ထုတ်ချေးထားဟုဆို
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း