''စိန့်ပီတာစဘတ်ဖိုရမ်''တွင် မြန်မာနိုင်ငံမှ ပြခန်းများကို အခမဲ့ပြသခွင့်ပေးသွားမည်
Pearl (NSS) - အောက်တိုဘာ ၂၅
''စိန့်ပီတာစဘတ်ဖိုရမ်''တွင် မြန်မာနိုင်ငံမှ ပြခန်းများကိုအခမဲ့ပြသခွင့်ပေးသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich က ပြော သည်။
၎င်းက အောက်တိုဘာလ (၂၄)ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်၌ ဆန်စပါး၊ ရေထွက်ကုန်၊ ပဲမျိုးစုံနှင့်နှမ်း၊ သစ်နှင့် ပရိဘောဂကဏ္ဍ ၊ အထည်ချုပ်ကဏ္ဍတို့မှမြန်မာ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင်နှစ်စဉ် ''စိန့်ပီတာစဘတ်ဖိုရမ်''ကို ကျင်းပပြုလုပ်လျက်ရှိပြီး နိုင်ငံပေါင်း (၃၀)ခန့်မှ ကုန်စည်များအပြန်အလှန်ဖလှယ်၍ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖိုရမ်၌ မြန်မာနိုင်ငံမှ ပြခန်းများကို အခမဲ့ပြသခွင့်ပေးသွားမည်ဖြစ်ပြီး ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း Mr. Grigoriev Evgeny Dmitrievich က ပြောသည်။
အလားတူ ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်နိုင်မည်ဖြစ်သည့်အပြင် မြန်မာနေ့ (Day of Myanmar) ကိုလည်း စိန့်ပီတာစဘတ်တွင် ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားထားသည်။
Mr. Grigoriev Evgeny Dmitrievich က '' ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် လာရောက်ခြင်း ဖြစ်ပါတယ်။ လက်ရှိ ဆန်စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ သစ်နဲ့ပရိ ဘောဂ၊ ငါးလုပ်ငန်းတွေက စိန့်ပီတာစဘတ်အတွက် အကျိုးရှိသော လုပ်ငန်းများဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးအတွက်လည်း အထူးအကျိုးရှိပါတယ်။ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားကြပါမယ်။ တင်ပို့တဲ့အခါ တတ်နိုင်သမျှ အခက်အခဲတွေရှိရင်လည်း ဆွေးနွေးဖို့ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဆန်၊ ပဲမျိုးစုံ၊ ရေထွက်ကုန်၊ ပရိဘောဂ နှင့် အထည်ချုပ်ကဏ္ဍတို့တွင် ကုန် သွယ်မှုနှင့် စီးပွားရေးပူးပေါင်းမှု မြှင့်တင်မည်ဖြစ် ကြောင်း ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုင်ကလုန်းမုန်တိုင်း ဟမွန်းသည် ကုန်တွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားသော်လည်း မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးဇလသတိပေး
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း