ဆိုင်ကလုန်းမုန်တိုင်း ဟမွန်းသည် ကုန်တွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားသော်လည်း မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးဇလသတိပေး
စော(NSS) - အောက်တိုဘာ ၂၅
ဆိုင်ကလုန်းမုန်တိုင်း ဟမွန်းသည် ကုန်တွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားသော်လည်း မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးဇလထံမှ သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနမှ ယနေ့ (အောက်တိုဘာလ ၂၅ရက်)၊ မွန်းလွဲ (၂)နာရီအချိန်တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဟမွန်း အတွက် နောက်ဆုံးသတင်းဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလ၏တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်းသို့ ရောက်ရှိခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဟမွန်းသည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ကုန်းတွင်းပိုင်း မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ကြာင်း သိရသည်။
အဆိုပါကုန်တွင်းမုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး တဖြည်းဖြည်းအားလျော့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
“မုန်တိုင်းရဲ့သက်ရောက်မှုလို့ပြောတာထက် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေကြောင့် (၂၆)ရက်၊ (၂၉) ရက်လောက်အထိတော့ ရခိုင်(မြောက်ပိုင်း)၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ကချင်စတဲ့ နေရာမှာတော့ မိုးရွာတာတွေရှိနေဦးမယ်”ဟု မိုးဇလမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NSS ကိုပြောသည်။
၎င်းမုန်တိုင်းသည် မြန်မာနိုင်ငံ ကမ်းရိုးတန်းသို့ တိုက် ရိုက်မဝင်သော်လည်း မုန်တိုင်း၏ အကြွင်းအကျန်များကြောင့် မိုးဆက်လက်ရွာသွန်းခြင်းဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုလသမဂ္ဂအဖွဲ့တာဝန်ရှိသူများကို ဗီဇာထုတ်ပေးမှာမဟုတ်သလို သင်ခန်းစာပေးသွားမှာဖြစ်ကြောင်းအစ္စရေးအစိုးရပြော
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း