ကုလသမဂ္ဂအဖွဲ့တာဝန်ရှိသူများကို ဗီဇာထုတ်ပေးမှာမဟုတ်သလို သင်ခန်းစာပေးသွားမှာဖြစ်ကြောင်းအစ္စရေးအစိုးရပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၅
အစ္စရေးအစိုးရသည် ကုလသမဂ္ဂအဖွဲ့တာဝန်ရှိသူများကို ဗီဇာပေးရန် ငြင်းဆန်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာအစ္စရေးသံအမတ်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်၏မှတ်ချက်စကားနှင့်ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီးသည် အန်တိုနီယို ဂူတာရက်စ်ကို ရာထူးမှ ချက်ချင်းနုတ်ထွက်ရန်တောင်းဆိုခဲ့ပြီးနောက် မကြာမီ ကုလသမဂ္ဂအဖွဲ့ဝန်ထမ်းတွေကို ဗီဇာထုတ်ပေးရန်ငြင်း ဆန်မည်ဟုထပ်မံပြောဆိုခဲ့ခြင်းဖြစ်သည်။
အစ္စရေးသံအမတ်ကြီး Gilad Erdan က "ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မှတ်ချက်စကားကြောင့် ကျွန်တော်တို့ဟာ ကုလသမဂ္ဂ တာဝန်ရှိသူတွေ၊ ကိုယ်စားလှယ်တွေကို ဗီဇာထုတ်ပေးဖို့ ငြင်းဆန်သွားမှာပါ၊ ကုလသမဂ္ဂအဖွဲ့ရဲ့လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့အကြီးအကဲ မာတင်ဂရီဖစ်စ်ကိုလည်း ဗီဇာထုတ်ပေးမှာမဟုတ်ဘူး၊ လက်ရှိအချိန်ဟာ ကုလသမဂ္ဂအဖွဲ့တာဝန်ရှိသူတွေကို သင်ခန်းစာပေးရမယ့်အချိန်ဖြစ်တယ်"ဟုပြောသည်။
ဂူတာရက်စ်သည် အောက်တိုဘာလ ၇ရက်တွင်အစ္စရေးကိုတိုက်ခိုက်ခဲ့သော ဟားမက်စ်လက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချခဲ့သော်လည်း ဂါဇာဒေသအပေါ်ပြုလုပ်နေသော အစ္စရေး၏တုံ့ပြန်မှုများက ပါလက်စတိုင်းလူမျိုးများကို စုပုံအပြစ်ပေးခြင်းမျိုးဖြစ်နေကြောင်းဝေဖန်ခဲ့ဖူးသည်။
ဂူတာရက်စ်က "ဂါဇာဒေသအပေါ် ပြုလုပ်နေတဲ့ အစ္စရေးရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး ဥပဒေတွေကို ပြောင် ပြောင်တင်းတင်းချိုးဖောက်နေတာလို့ စိတ်မကောင်းဖွယ်တွေ့မြင်ရတယ်။ လက်နက်ကိုင်ပဋိပက္ခတွေမှာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ နိုင်ငံတကာလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးဥပဒေအထက်မှာမရှိဘူး"ဟု ပြောဆိုခဲ့သည်။
ဂူတာရက်စ်သည် ဖမ်းဆီးထားသော ပြန်ပေးဆွဲခံရသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုခဲ့သလို ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးပစ္စည်းများ အမြန်ဆုံးလွှဲပြောင်းခွင့်ပေးရန်တောင်းဆိုခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရားမဝင် အစားအသောက်များကို Online ပေါ်၌ အလွန်အကျွံကြော်ငြာရောင်းချမှုများရှိနေဟု FDA အသိပေး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း