တရားမဝင် အစားအသောက်များကို Online ပေါ်၌ အလွန်အကျွံကြော်ငြာရောင်းချမှုများရှိနေဟု FDA အသိပေး
စော(NSS) - အောက်တိုဘာ ၂၅
တရားမဝင် အစားအသောက်များကို Online ပေါ်၌ အလွန်အကျွံ ကြော်ငြာရောင်းချမှုများရှိနေကြောင်း FDA မှ သိရသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ယမန်နေ့(အောက်တိုဘာလ ၂၄ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ တရားမဝင် Online စောင့်ကြည့်ရေးအဖွဲ့သည် Online Media များမှ အစားအသောက်များ ကြော်ငြာရောင်းချနေမှုများကို စိစစ်ခဲ့ရာ တရားမဝင် အစားအသောက်များကို Social Media တွင် အလွန်အကျွံရောင်းချနေကြောင်းတွေ့ရှိရသည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံတွင် သွင်းကုန်ထောက်ခံချက်ရရှိထားခြင်းမရှိသော အစားအသောက်များရောင်းချခြင်း နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၏ ထောက်ခံချက်အတုများပြုလုပ်၍ ရောင်းချမှုများကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ရောင်းချသည့် Online Page တွင် လိပ်စာအပြည့် အစုံဖော်ပြထားခြင်းမရှိသည့်အပြင် နာမည်ကြီး အသိ ပညာရှင်၊ အတတ်ပညာရှင်များ၏ ရုပ်ပုံများ၊ ဗီဒီယိုများတွင် ၎င်းတို့၏ ကုန်ပစ္စည်းများ ထည့်သွင်းကာ လိမ်လည်ရောင်းချခြင်းများကို စိစစ်တွေ့ရှိရကြောင်း သိရသည်။
အလားတူ ရောဂါရှာဖွေ၊ ကုသ၊ ပျောက်ကင်း၊ သက်သာ၊ ကာကွယ်စေရန်အတွက် မဟုတ်သည့် ဓာတ်စာ၊ ဖြည့် စွက်စွာများကို Online/ Social Media များတွင် ရောင်း ချနေသည်ကို တွေ့ရှိရကြောင်းလည်း အသိပေးထား သည်။
ထို့ကြောင့် စားသုံးသူများအနေဖြင့် အဆိုပါ အချက်များဖြင့် ကြော်ငြာရောင်းချနေသော သွင်းကုန်ထောက်ခံချက် မှတ်ပုံတင်ထားခြင်းမရှိသည့် အစားအသောက်များကို ဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့် ဆင်ခြင်သုံးစွဲကြရန် အသိပေးထုတ်ပြန်ထားသည်။
ထို့သို့ ဆင်ခြင်သုံးစွဲနိုင်ရန်အတွက် သွင်းကုန်ထောက်ခံချက်ရရှိထားသော ကုန်ပစ္စည်းများကို https://esubmission.fda.gov.mm/search-product တွင် စစ်ဆေးနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် မိမိတို့သုံးစွဲနေသည့် အစားအသောက်များနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ်တွေ့ရှိရပါက နေပြည် တော်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီး ဌာန၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ ပြည်ကြီးဇေယျာလမ်းသို့ အကြောင်းကြားနိုင်ကြောင်း FDA မှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမရပူရမြို့နယ်တွင် ဓားဒဏ်ရာ(၁၅)ချက်ခန့်ဖြင့် အသတ်ခံထားရသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း