ရန်ကင်းမြို့၌ မိုးသည်းထန်စွာရွာသွန်းချိန်တွင် အသက် (၁၄)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ချောင်းအတွင်းပြုတ်ကျသေဆုံး
စော(NSS) - အောက်တိုဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် မိုးသည်း ထန်စွာရွာသွန်းချိန်၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ချောင်းအတွင်းပြုတ်ကျသေဆုံးသွားကြောင်းသိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၂၄ ရက်)၊ ညနေ (၅)နာရီဝန်းကျင်အချိန်တွင် ရန်ကင်းမြို့နယ်၊ golden city ဘေး ခုနစ်ပင်လိမ်ချောင်းအတွင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေရုပ်လွှာလူမှုကူညီရေးအသင်းထံမှ သိရသည်။
“သူ့အဖေပြောပြတာကတော့ သူတို့က ဆောက်လုပ်ရေးတန်းလျားမှာနေတာ မိုးရွာလို့ ရေတွေတက်လာတယ်။ တက်လာတော့ ပစ္စည်းတွေရွှေ့ရင်းနဲ့ ကလေးက ချောင်းထဲချော်ကျတယ်လို့သိရပါတယ်။ ပြုတ်ကျတဲ့အချိန်က မိုးသည်းထန်စွာရွာနေတဲ့အချိန် တွေ့တာက မနေ့ညလောက်ကပြန်တွေ့တယ်။ သူကျတဲ့နေရာနဲ့ မလှမ်း မကမ်းမှာပဲတွေ့ပါတယ်။ ကလေးကတော့ဆုံးသွားပါပြီ” ဟု ရွှေရုပ်လွှာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါကလေးငယ်သည် အသက် (၁၄)နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးဖြစ်ပြီး စံပြဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
မုန်တိုင်း ဟမွန်းအရှိန်ကြောင့် ယမန်နေ့တွင် မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီး ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့ကာ ယာဉ်ကြောများလည်း ပိတ်ဆို့ခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
''စိန့်ပီတာစဘတ်ဖိုရမ်''တွင် မြန်မာနိုင်ငံမှ ပြခန်းများကို အခမဲ့ပြသခွင့်ပေးသွားမည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ