မြူခိုးများထူထပ်စွာကျဆင်းမှုကြောင့် အမေရိကန်နိုင်ငံတွင် ကားအစီးရေ (၁၅ဝ)ကျော် ဆင့်တိုက်မှုဖြစ်ပွား
Pika (NSS) - အောက်တိုဘာ ၂၄
အမေရိကန်နိုင်ငံတောင်ပိုင်း လူဝီစီယားနားပြည်နယ်ရှိ အဝေးပြေးလမ်းမတွင် မြူခိုးများထူထပ်စွာကျဆင်းနေမှုများကြောင့် ကားအစီးရေအနည်းဆုံး(၁၅၈)စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကာ အနည်းဆုံးလူ(၇)ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာလ(၂၃)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
New Orleans မြို့ အပြင်ဘက် မိုင်(၃၀)အကွာတွင်ရှိသော အဝေးပြေးလမ်းမ Interstate 55 တွင် မြူခိုးများထူထပ်စွာကျဆင်းနေမှုများကြောင့် ယာဉ်အစုလိုက်အပြုံလိုက် ဆင့်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လူဝီစီယားနားပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က တင်ထားသော ဓါတ်ပုံများတွင် အခင်းဖြစ်ပွားသည့် အမြန်လမ်းတံတား၏ လမ်းနှစ်ဖက်လုံးတွင် မီးလောင်ကျွမ်းနေသည့် ဒါဇင်နှင့်ချီသော ယာဉ်များအပါအဝင် အပျက်အစီးများဖြင့် ပိတ်မိနေသည်ကို တွေ့ရှိခဲ့ရသည်။
ယာဉ်တိုက်မှုများဖြစ်ပွားပြီးနောက် အဝေးပြေးလမ်းမကြီးပေါ်တွင် မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့များကပြောကြားခဲ့သည်။ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် လူ(၂၅)ဦးကျော်ကို ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့များကပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါကိန်းဂဏန်းများထဲတွင် ဆေးဘက်ဆိုင်ရာ အကူအညီများကို ကိုယ်တိုင်ရယူခဲ့သော ထိခိုက်ဒဏ်ရာရရှိသူများကို ထည့်သွင်းရေတွက်ထားခြင်းမျိုးမရှိကြောင်းသိရသည်။
အမျိုးသားမိုးလေဝသဌာနက "စူပါမြူခိုးလို့ခေါ်တဲ့ မြူတွေဟာ စိုစွတ်နေတဲ့သစ်ပင်တွေ၊သစ်ရွက်တွေကနေ ထွက်လာတဲ့ အခိုးအငွေ့တွေနဲ့ အစိုဓါတ်တွေရောနှောရာမှ စတင်ဖြစ်ပေါ်လာတာပါ"ဟု ပြောဆိုခဲ့သည်။ အဆိုပါ စူပါမြူခိုးများကျဆင်းနေချိန်တွင် မြင်နိုင်စွမ်းမှာ (၃)မီတာအောက်ထိ ကျဆင်းသွားခဲ့ကြောင်း အမျိုးသားမိုးလေဝသဌာနကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားတပ်ဖွဲ့များထံမှ နယ်မြေကို တစ်နေ့လျှင် အနည်းဆုံးမီတာ(၅၀၀)ယူရန် ယူကရိန်းတပ်ဖွဲ့ဝင်များကို သမ္မတဇီလန်စကီးအမိန့်ပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ