ရုရှားတပ်ဖွဲ့များထံမှ နယ်မြေကို တစ်နေ့လျှင် အနည်းဆုံးမီတာ(၅၀၀)ယူရန် ယူကရိန်းတပ်ဖွဲ့ဝင်များကို သမ္မတဇီလန်စကီးအမိန့်ပေး
Pika (NSS) - အောက်တိုဘာ ၂၄
ယူကရိန်းသည် ၎င်းတို့၏တန်ပြန်ထိုးစစ်တွင် လူသောင်းချီ အသေအပျောက်များကို ကြုံတွေ့ခဲ့ရပြီးနောက် သမ္မတဇီလန်စကီးသည် ယူကရိန်းတပ်ဖွဲ့များအတွက် ကြောက်မက်ဖွယ်ရာတာဝန်တစ်ရပ်ကို ချမှတ်ခဲ့ကြောင်းသိရသည်။
ရုရှားတပ်ဖွဲ့များထံမှနယ်မြေကို တစ်နေ့လျှင်အနည်းဆုံးမီတာ(၅၀၀)ယူရန် ယူကရိန်းတပ်ဖွဲ့များကို ဇီလန်စကီးက အမိန့်ပေးခဲ့ကြောင်းသိရသည်။ ဇီလန်စကီးက "ယူကရိန်းဟာ နေ့တိုင်းရလဒ်တွေထွက်ဖို့လိုအပ်ပါတယ်။ ရုရှားရဲ့တိုက်ခိုက်မှုတွေကို တွန်းလှန်ဖို့နဲ့ နယ်မြေသိမ်းပိုက်သူတွေကို သတ်ပစ်ပြီး ရှေ့ကို ဆက်သွားဖို့လိုအပ်ပါတယ်။ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို တစ်နေ့လျှင် အများဆုံး(၁) ကီလိုမီတာ၊ အနည်းဆုံး(၅၀၀)မီတာကို ရအောင်ပြန်ယူပြီး ရှေ့ဆက်သွားရမှာပါ။ ယူကရိန်းတပ်ဖွဲ့တွေရဲ့ မြေနေရာအနေအထားတွေ တိုးတက်ဖို့နဲ့ ရုရှားတပ်ဖွဲ့တွေကို ဖိအားပေးနိုင်ဖို့ ကျွန်တော်တို့ရှေ့ကိုဆက်ချီတက်ဖို့ လိုအပ်ပါတယ်"ဟု ပြောဆိုခဲ့သည်။
အဆိုပါတာဝန်ကို လုပ်ဆောင်ရန်အတွက် ယူကရိန်းတပ်ဖွဲ့ဝင်များကို ပိုမိုအားကောင်းအောင် လုပ် ဆောင်ဖို့ လိုအပ်သလို ယူကရိန်းကို ပံ့ပိုးကူညီမှုများ ပိုမိုလုပ်ဆောင်ရန် မိတ်ဖက်နိုင်ငံများကို လှုံ့ဆော်ပေးသလိုဖြစ်စေမည်ဖြစ်ကြောင်း ဇီလန်စကီးကပြောကြားခဲ့သည်။ ထို့ပြင် လာမည့်သီတင်းပတ်အ တွင်း ယူကရိန်းအတွက် နောက်ထပ်အခွင့်အလမ်းများလည်းရှိလာမည်ဖြစ်ကြောင်း ဇီလန်စကီးကပြောကြားခဲ့သည်။ ဒွန်းညက်စ်ဒေသရှိ Avdeevka မြို့နှင့် Kharkov ဒေသရှိ Kupyansk မြို့သို့ ရုရှားတပ်ဖွဲ့များ ချီတက်လာနေချိန်တွင် ဇီလန်စကီးက ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဇွန်လကစတင်ခဲ့သော ယူကရိန်း၏ တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ယူကရိန်းတပ်ဖွဲ့ဝင်(၉)သောင်းကျော် သေဆုံးခဲ့ကြောင်း ရုရှားသမ္မတပူတင်က ယခုလအစောပိုင်းတွင် ခန့်မှန်းပြောဆိုခဲ့သည်။
ယခုလအစောပိုင်းတွင် အစ္စရေးနှင့် ဟားမက်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ယူကရိန်းသည် အနောက်အုပ်စုနိုင်ငံများ၏ ထောက်ပံ့မှုနှင့်အာရုံစိုက်မှု နည်းပါးလာခြင်းများကို ကြုံတွေ့နေရကြောင်းလည်း သိရသည်။ အစ္စရေး-ဟားမက်စစ်ပွဲမဖြစ်ပွားခင်အချိန်ကတည်းက အမေရိကန်အစိုးရသည် ယူကရိန်းသို့ နောက်ထပ်စစ်ရေးနှင့်စီးပွားရေး အကူအညီများ ထောက်ပံ့ပေးရန်အတွက် အမေရိကန်လွှတ်တော်အမတ်များထံမှ အတည်ပြုချက်ရရှိရန် ရုန်းကန်နေခဲ့ရကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-24 / 6:00 PM)
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း