အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-24 / 6:00 PM)
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၄
အမေရိကန်အစိုးဟာ ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နွှဲမယ့် အစ္စရေးတပ်ဖွဲ့များအတွက် စစ်ရေးအကြံပေးမှုများလုပ်ဆောင်နိုင်ဖို့ အမေရိကန်တပ်ဖွဲ့ဝင်များစေလွှတ်ခဲ့ကြောင်းသိရပါတယ်။ အမေရိကန်အစိုးရဟာ အစ္စရေးတပ်ဖွဲ့များအတွက် ကြယ်သုံးပွင့်အဆင့်ရှိ မရိန်းတပ်ဖွဲ့ ဗိုလ်ချုပ်တစ်ဦးနဲ့ အခြားအမေရိကန်စစ်ဘက် တာဝန်ရှိသူများကို စေလွှတ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။
အောက်တိုဘာလ ၇ ရက်ကစတင်ခဲ့တဲ့ အစ္စရေးနဲ့ ဟားမက်စ်တို့ စစ်ပွဲအတွင်းမှာ ဗြိတိန်တပ်ဖွဲ့ဝင်ဦးရေ အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့ရပြီး အနည်းဆုံး ၆ ဦးပျောက်ဆုံးနေကြောင်း ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီးက ပြောပါတယ်။ ဟားမက်စ်နဲ့ အစ္စရေးတို့စစ်ပွဲစတင်ခဲ့ပြီးနောက် ပိုင်း သေဆုံးခဲ့တဲ့ နိုင်ငံသားတွေထဲမှာ အမေရိကန် နဲ့ ထိုင်းနိုင်ငံသားတွေအများဆုံးဖြစ်နေကြောင်းသိရပါတယ်။
အစ္စရေးသမ္မတက အစ္စရေးဟာ လက်ဘနွန်လက်နက်ကိုင်အဖွဲ့ ဟစ်ဘိုလာနဲ့ စစ်ပွဲဖြစ်ပွားဖို့ ရည်ရွယ် ချက်မရှိကြောင်း၊ ဂါဇာဒေသရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့အတွက်သာ အာရုံစိုက်နေကြောင်းပြောပါတယ်။ အစ္စရေးသမ္မတက "အားလုံးကိုရှင်းရှင်းလင်းလင်းသိစေလိုတယ်။ ကျွန်တော်တို့ဟာ နိုင်ငံမြောက်ပိုင်းမှာ ဘယ်သူနဲ့မှ စစ်ဖြစ်ဖို့ ရည်ရွယ်ချက်မရှိဘူး၊ ဒါပေမယ့် ဟစ်ဘိုလာအဖွဲ့ဟာ စစ်ပွဲထဲပါဝင်လာမယ်ဆိုရင်တော့ လက်ဘနွန်နိုင်ငံဟာ ကြီးမားတဲ့ပေးဆပ်မှုပေးရမယ်။"လို့ပြောပါတယ်။
ဂါဇာဒေအပေါ် တိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာလ ၂၄ ရက်အထိ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၅၇၉၁ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါသေဆုံးသူတွေထဲမှာ ကလေးငယ်ဦးရေ အနည်းဆုံး ၂၃၆၀ ဦးပါဝင်ခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။ ဂါဇာဒေသရဲ့တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာဒေသမှာ လူပေါင်း အနည်းဆုံး ၇၀၄ ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။
ကာတာဘုရင်က နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ ဟားမက်စ်အဖွဲ့ကို တိုက်ခိုက်ရင်း ပါလက်စတိုင်းပြည်သူတွေကို သေဆုံးအောင်လုပ်ဆောင်နေတဲ့ အစ္စရေးတပ်ဖွဲ့တွေရဲ့လုပ်ရပ်တွေကို ခွင့်မပြုပေးသင့်ကြောင်း၊ အဆိုပါ ဟားမက်စ်နဲ့အစ္စရေးကြားဖြစ်ပွားနေတဲ့စစ်ပွဲက ကမ္ဘာလုံခြုံရေးကို ခြိမ်း ခြောက်နေကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံအလယ်ပိုင်းတွင် (၂)မီတာရှည်သော စပါးအုံးမြွေရစ်ပတ်ထားသည့် မြန်မာအမျိုးသားရုပ်အလောင်းကိုတွေ့ရှိခဲ့ဟုဆို
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း