ထိုင်းနိုင်ငံအလယ်ပိုင်းတွင် (၂)မီတာရှည်သော စပါးအုံးမြွေရစ်ပတ်ထားသည့် မြန်မာအမျိုးသားရုပ်အလောင်းကိုတွေ့ရှိခဲ့ဟုဆို
Pika (NSS) - အောက်တိုဘာ ၂၄
ထိုင်းနိုင်ငံ Samut Prakan ပြည်နယ် Wat Samrong Nua ရွာရှိ ရပ်ကွက်တစ်ခုတွင် ကယ်ဆယ်ရေးသမားများသည် (၂)မီတာအရှည်ရှိမြွေရစ်ပတ်နေပြီး သေဆုံးနေသော အသက်(၂၆)နှစ်အရွယ် မြန်မာအမျိုးသား၏ ရုပ်အလောင်းကို ပြန်လည်ရယူနိုင်ရန် ကြိုးပမ်းခဲ့ရကြောင်းသိရသည်။
အဆိုပါမြန်မာနိုင်ငံသားသည် မီးခံသေတ္တာထုတ်လုပ်သည့် စက်ရုံတစ်ခုရှိ အလုပ်သမားအဆောင်တစ်ခု၏ ရေချိုးခန်းထဲတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ကယ်ဆယ်ရေးသမားများသည် အဆိုပါအမျိုးသား၏ ခန္ဓာကိုယ်တွင် (၂)မီတာရှည်သောမြွေက ရစ်ပတ်နေသည်ကို တွေ့ရှိခဲ့ပြီးနောက် ရုပ်အလောင်းအားပြန်ယူရန် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရကြောင်းသိရသည်။ အချိန်(၂)နာရီခွဲခန့်ကြိုးပမ်းခဲ့ပြီးနောက် မြွေများကိုင်တွယ်ရာတွင် ကျွမ်းကျင်သော ကယ်ဆယ်ရေးအဖွဲ့သည် အဆိုပါစပါးအုံးမြွေကို ရုပ်အလောင်းဆီမှ ဖယ်ထုတ်ကာ ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
ယင်းဖြစ်ရပ်ကို Amarin TV က ဖော်ပြခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ အဆိုပါမြန်မာနိုင်ငံသား၏ လုပ်ဖော်ကိုင်ဖက်တစ်ဦး၏အဆိုအရ လူတစ်ဦးသေဆုံးပြီးလျှင် ၎င်း၏ဝိညာဉ်သည် မြွေတစ်ကောင်အတွင်းသို့ ဝင်သွားသည်ဆိုသည့် ယုံကြည်ချက်ရှိကြောင်းလည်းသိရသည်။ အဆိုပါယုံကြည်ချက်ကြောင့် သေဆုံးသူ၏ ဝိညာဉ်ဝင်သွားသော စပါးအုံးမြွေသည် ရုပ်အလောင်းပတ်လည်တွင် လှည့်ပတ်နေခြင်းမျိုးဖြစ်သည်ဟုလည်း ပြောဆိုခဲ့သည်။ စပါးအုံးမြွေကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ရုပ်အလောင်းကို အောင်မြင်စွာပြန်လည်ကယ်ယူနိုင်ခဲ့ကြောင်း Khasod သတင်းစာကဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ ၂၂ ရက်အတွင်းဖြစ်ပွားခဲ့သော သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ