ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်သမားများမှ အမျိုးသား(၂)ဦးအားသေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်၍ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတို့အားလုယက်
Pearl (NSS) - အောက်တိုဘာ ၂၄
ကျောက်ကြီးမြို့တွင် အကြမ်းဖက်သမားများမှ အမျိုးသား(၂)ဦးအားသေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတို့အား လုယက်ယူဆောင်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ (၂၁)ရက် ၊ နေ့လည် (၃)နာရီ အချိန်ခန့်တွင် ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ်၊ လပါတ်ကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာနေ ကိုစိုင်းစိုင်း(ခ)စစ်သွေးကို(၁၈)နှစ်နှင့် ဦးဝင်းရွှေ(၆၅)နှစ်တို့သည် ကျောက်ကြီးမြို့မှ လပါတ်ကျေးရွာသို့ ကျောက်ကြီး-မုန်းကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ပြန်လာစဉ် လပါတ်ကျေးရွာအနီးအရောက် KNU ၊ PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထို့ပြင် ၎င်းတို့နှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား အကြမ်းဖက်အဖွဲ့မှ လုယက်ယူ ဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ကိုစိုင်းစိုင်း(ခ)စစ်သွေးကိုတွင် ဦးခေါင်းကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ဦးဝင်းရွှေတွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်တို့ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခရီးသည်တင်ရထားနှင့် ကုန်တင်ရထားတို့တိုက်မိခဲ့ပြီး အနည်းဆုံးလူ(၁၅)ဦးသေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ