မြောက်ကိုရီးယားနိုင်ငံမှထွက်ပြေးလာသည်ဟု ယူဆရသူများလိုက်ပါလာသည့် သင်္ဘောကို တောင်ကိုရီးယားအာဏာပိုင်များဖမ်းဆီး
Pika (NSS) - အောက်တိုဘာ ၂၄
တောင်ကိုရီးယား အာဏာပိုင်များသည် ယနေ့ (အောက်တိုဘာလ ၂၄ ရက်)တွင် မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးလာသည်ဟု ယူဆရသူများသယ်ဆောင်လာသော မြောက်ကိုရီးယားသင်္ဘောတစ်စီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။
အဆိုပါသစ်သားသင်္ဘောကို မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားနိုင်ငံကြားရှိ Northern Limit Line အနီးတွင် တွေ့ရှိခဲ့ပြီးနောက် တောင်ကိုရီးယားအရှေ့ဘက်ရှိ Sokcho မြို့အနီးတွင် ရပ်တန့်သွားခဲ့ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက ပြောကြားခဲ့သည်။ အဆိုပါသင်္ဘောပေါ်တွင် လိုက်ပါလာသူမည်မျှရှိသည်ဆိုသည့်အချက်ကို တောင်ကိုရီးယားစစ်တပ်က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်းသိရသည်။ သို့သော်လည်း Yonhap သတင်းအေဂျင်စီက အဆိုပါသင်္ဘောပေါ်တွင် မြောက်ကိုရီးယားနိုင်ငံသားလေးဦးလိုက်ပါလာပြီး ၎င်းတို့လေးဦးသည် မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးလိုကြောင်း ပြောဆိုခဲ့သည်ဟု ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်မေလတွင် မြောက်ကိုရီးယားနိုင်ငံ အနောက်ဘက်ရှိ ပင်လယ်ပြင် နယ်နမိတ်ကို မြောက်ကိုရီးယားနိုင်ငံသား(၉)ဦးလိုက်ပါလာသော ငါးဖမ်းစက်လှေတစ်စီး ကျူးကျော်ဝင်ရောက်လာဖူးကြောင်းသိရသည်။ ယခုဖြစ်ရပ်သည် မြောက်ကိုရီးယားနိုင်ငံသားများ၏ ဒုတိယအကြိမ်မြောက် ပင်လယ်နယ်နိမိတ်ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးလာသူများသည် မြောက်ကိုရီးယားနှင့်တောင်ကိုရီးယားကြားရှိ အစောင့်အကြပ်ထူထပ်သော နယ်စပ်ကို ဖြတ်ကျော်ရန် ကြိုးပမ်းခြင်းထက် တရုတ်နှင့် အရှေ့တောင်အာရှကို ဖြတ်သန်းလာကြခြင်းဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လယ်ယာမြေအား စည်းကမ်းဖောက်ဖျက်ကျူးလွန်အသုံးပြုမှုကို စတင်တွေ့ရှိသည်နှင့်တစ်ပြိုင်နက်တည်း ကြပ်မတ်အရေးယူဆောင်ရွက်မည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ