လယ်ယာမြေအား စည်းကမ်းဖောက်ဖျက်ကျူးလွန်အသုံးပြုမှုကို စတင်တွေ့ရှိသည်နှင့်တစ်ပြိုင်နက်တည်း ကြပ်မတ်အရေးယူဆောင်ရွက်မည်
Pearl (NSS) - အောက်တိုဘာ ၂၄
လယ်ယာမြေအား စည်းကမ်းဖောက်ဖျက်ကျူးလွန်အသုံးပြုမှုကို စတင်တွေ့ရှိသည်နှင့်တစ်ပြိုင်နက်တည်း ကြပ်မတ်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ကပြောသည်။
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး ဦးစီးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၃ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က လယ်ယာမြေကို အခြားနည်းများဖြင့် ယခင် ကျူးလွန်အသုံးပြုခဲ့မှုနှင့်ပတ်သက်၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပြီး ထိရောက်စွာဟန့်တားနိုင်မည့် ပြစ်ဒဏ်မျိုးချမှတ်ရန် ပြောကြားခဲ့ကြောင်းသိရသည်။
အလားတူ နောင်ထပ်မံ၍ ကျူးလွန်မှုများ မဖြစ်စေရန်အတွက် လယ်ယာမြေကို စည်းကမ်းဖောက် ဖျက်ကျူးလွန်အသုံးပြုမှုကို စတင်တွေ့ရှိသည်နှင့်တစ်ပြိုင်နက်တည်း တာဝန်ရှိသူများက လယ်ယာမြေဥပဒေ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ နှင့် အခြားဆက်စပ်ဥပဒေများအရ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကြပ်မတ်အရေးယူဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ထို့ပြင် ဦးစီးကော်မတီအနေဖြင့် SOP ရေးဆွဲခြင်းကို သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးမြောက်ရေးကြိုးပမ်းရန် ၎င်းက တိုက်တွန်းထားသည်။
လယ်ယာမြေပိုင်ဆိုင်လုပ်ကိုင်နေသူများအနေဖြင့် ဥပဒေပါပြဋ္ဌာန်းချက်များကို သိရှိလိုက်နာ၍ လယ်ယာမြေဖြစ်ကြောင်း သိလျက်နှင့်ဖြစ်စေ၊ မသိရှိ၍ဖြစ်စေ ခွင့်ပြုချက်မရှိ အဆောက်အအုံဆောက်လုပ်ပါက အရေးယူခံရမည်ဖြစ်ပြီး ပြည်သူတိုင်း မြေယာဥပဒေနှင့်ဆက်စပ်ဥပဒေ သဘော တရားများကို သိရှိနားလည်ရန် လေ့လာသင့်ကြောင်း ဦးမင်းနောင်က ထည့်သွင်းပြောကြားခဲ့သည်။
လယ်မြေများကို ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ မြို့မြေ၊ ရွာမြေကဲ့သို့ အခိုင်အမာ အဆောက်အအုံများ ဆောက်လုပ်ခြင်းများအပေါ် ထိရောက်စွာ ထိန်းသိမ်းရေး ၊ စိုက်ပျိုးမြေများမလျော့ပါးစေရေး နှင့် တိုးပွားလာသော ပြည်သူလူထုအတွက် နေထိုင်ရန် မြေနေရာလုံလောက်ရေး နှင့် တိုးတက်ဖွံ့ဖြိုးလာသော စက်ရုံ၊ အလုပ်ရုံများအတွက် မြေနေရာအသုံးပြုနိုင်ရေးတို့ကို အခြေခံ၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် (SOP) ပေါ်ထွက်လာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေယာဉ်ပျက်ကျအောင် ကြိုးပမ်းခဲ့သော လေယာဉ်မှူးကို လူသတ်ရန်ကြိုးပမ်းမှုဖြင့် စွဲချက်(၈၃)ခုတင်
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း