Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကရင်ပြည်နယ်အတွင်း တရားမဝင်ရာဇဝတ်မှုလုပ်ငန်းများနှင့်ဆက်နွယ်သော လောင်းကစားလုပ်ငန်းများ ပပျောက်ရေးကို လိုလားကြောင်း KNU ပြော

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၇

ကရင်ပြည်နယ်အတွင်း တရားမဝင်ရာဇဝတ်မှုလုပ်ငန်းများနှင့် ဆက်နွယ်နေသည့် လောင်းကစားလုပ်ငန်းများ ပပျောက်ရေးကို လိုလားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ဖော်ပြောဆိုထား သည်။

KNU မှ ကရင်ပြည်နယ်အတွင်း တရားမဝင်ကာစီနိုလောင်းကစားမြို့သစ်တည်ဆောက်နေခြင်းနှင့်ပတ် သက်သည့်သဘောထားထုတ်ပြန်ချက်ကို ဖေဖော်ဝါရီလ ၂၆ ရက်တွင်ထုတ်ပြန်ရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

နိုင်ငံခြားသားရာဇဝတ်သားများက ကရင်ပြည်နယ် မောထိုတလေးနယ်မြေ၌ တရားမဝင်လောင်းကစားလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် မြို့သစ်တည်ဆောက်ရေးစီမံကိန်းများကို စီစဉ်အ ကောင်အထည်ဖော်နေကြောင်း သတင်းဌာနများက ဖော်ပြကြသည်ဟု KNU က ဆိုသည်။

၎င်းမြို့သစ်စီမံကိန်း အုပ်မြစ်ချပွဲအခမ်းအနားအား ၂ဝ၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ကျင်းပခဲ့ကြောင်း KNU ဘက်က ထုတ်ဖော်ပြောဆိုထားသည်။

အဆိုပါအခမ်းအနား၌ Huanya International Holding Group တွင် ပါဝင်သည့် Trans – Asia International Holding Group(Thailand) ကုမ္ပဏီနှင့် ကရင်ဒေသခံကုမ္ပဏီဖြစ်သော မုလအိအလင်းကုမ္ပဏီတို့အကြား လုပ်ငန်းစတင်နိုင်ရေးအတွက် မြေငှားရမ်းစာချုပ် ချုပ်ဆိုခြင်းအဖြစ် ကနဦးနားလည်ခဲ့ကြောင်း KNU က ဖြေရှင်းထားသည်။

ယင်းအခမ်းအနားသို့ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်၊ ကာကွယ်ရေးဌာန ဌာနမှူး စောရောဂျာခင်မှ ဒေသခံ မြေပိုင်ရှင် ပြည်သူလူထုကိုယ်စား အသိသက်သေအဖြစ် ကိုယ်စားပြုတက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

သို့သော် ၎င်းအခမ်းအနား၌ KNU နှင့် Huanya International Holding Group အကြား ပူးပေါင်းဆောင် ရွက်ရေးအတွက် လက်မှတ်ရေးထိုးခြင်းနှင့် အုတ်မြစ်ချပွဲအခမ်းအနားဟုဆိုကာ ဆိုင်းဘုတ်တင်ခဲ့သည့် အတွက် KNU နှင့် စောရောဂျာခင်တို့အပေါ် ပြည်သူအများက အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်လာစေကြောင်း ကရင်အမျိုးသားအစည်းအရုံးဘက်က ဆိုထားသည်။

စီမံကိန်းကို စတင်အကောင်အထည်ဖော်ချိန်တွင် ထိုင်းနိုင်ငံအခြေစိုက် Trans – Asia International Holding Group ကုမ္ပဏီနှင့် မုလအိအလင်းကုမ္ပဏီတို့အကြား အငြင်းပွားမှုများရှိခဲ့သည့်အတွက် ၂ဝ၂၂ ခုနှစ်တွင် မုလအိအလင်းကုမ္ပဏီသည် စီမံကိန်းမှ နှုတ်ထွက်သွားခဲ့ပြီး ၎င်းနေရာတွင် ဒေသခံကုမ္ပဏီတစ်ခုဖြစ်သည့် Trust Star ကုမ္ပဏီက ၂ဝ၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် အစားထိုးဝင်ရောက် လုပ်ကိုင်လျက်ရှိကြောင်း KNU ဘက်က ဆိုထားသည်။

ထို့ကြောင့် KNU အနေဖြင့် ၎င်းကဲ့သို့ စီမံကိန်းများနှင့် မည်သို့မျှ ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနှင့် အခြားသော တရားမဝင်လောင်ကစားလုပ်ငန်းများနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ကရင်ပြည်နယ်အ တွင်း လုပ်ဆောင်ခြင်းအား လက်မခံကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် မည်သည့် KNU အစည်းအရုံးဝင် တစ်ဦးတစ်ယောက်ကိုမျှ ရာဇဝတ်မှုများနှင့်ဆက်စပ်သည့် စီးပွား ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခြင်း၊ ထောက်ကူခြင်းတို့ကိုလည်း တားမြစ်ထားကြောင်း KNU ဘက်က ဖြေရှင်းထားသည်။

ကရင်ပြည်နယ်အတွင်း တရားမဝင်ရာဇဝတ်မှုလုပ်ငန်းများနှင့် ဆက်နွယ်နေသည့် လောင်းကစားလုပ်ငန်းများ ပပျောက်ရေးကို လိုလားကြောင်းနှင့် ၎င်းလုပ်ငန်းများ လျော့နည်းပပျောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း KNU က သဘောထားထုတ်ပြန်ထားသည်။

zawgyi version














Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ အွန်လိုင်းသင်ကြားမှုဖြင့် ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများအတွက် သင်တန်းသားများခေါ်ယူ

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved