ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို နောက်ထပ်ဆေးကုသမှုများအတွက် ဆေးရုံတွင် ဆက်လက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနပြော
Pika (NSS) - အောက်တိုဘာ ၂၃
အကျဉ်းကျခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် Police General Hospital တွင် ၎င်း၏ ဆေးကုသမှုများကို ဆက်လက်ခံယူသွားမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနက ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ အကျဉ်းထောင်အပြင်ဖက်တွင် နေထိုင်ခွင့်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် နောက်ထပ် ရက်ပေါင်း(၆ဝ) နေထိုင်ခွင့်ကို သက်တမ်းတိုးလိုက်ခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာနက ပြောကြားခဲ့ သည်။ သက်ဆင်သည် သွေးတိုးရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများ နှင့် အခြားအသက်အရွယ် ဆိုင်ရာရောဂါများအတွက် သင့်လျော်သော ကုသမှုများခံယူရန် ဆေးရုံတွင် ဆက်လက်ထားသင့်ကြောင်း ဆရာဝန် များက အကြုံပြုခဲ့ပြီးနောက် ယခုကဲ့သို့ အကျဉ်းထောင်အပြင်ဖက်တွင် နေထိုင်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် Sahakarn Phetnarin က ပြောကြားခဲ့သည်။
သက်ဆင်၏ အကျဉ်းထောင်အပြင်ဖက်တွင် ဆက်လက်နေထိုင်ခွင့် သက်တမ်းတိုးခြင်းကို နောက်ဆုံးအတည်ပြု ချက်အတွက် အကျဉ်းဦးစီးဌာန၏ ခွင့်ပြုချက်၊ ဆေးဘက်ဆိုင်ရာအကြံပြုချက်များ နှင့် ဆက်စပ်သော အထောက် အထားများကို တရားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ထံ တင်ပြခဲ့ကြောင်း သိရသည်။
သက်ဆင်သည် ၂ဝဝ၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုများဖြစ်ပွားပြီးကတည်းက (၁၅)နှစ်ကြာ ပြည်ပတွင် နေထိုင်ခဲ့ ပြီးနောက် ပြီးခဲ့သည့် ဩဂုတ်လ(၂၂)ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ထောင်ဒဏ်(၈)နှစ် ကျခံရမည်ဖြစ်ကြောင်းလည်း သိရသည်။
သက်ဆင်သည် ရင်ဘတ်အောင့်ရောဂါ နှင့် သွေးတိုးရောဂါများရှိကြောင်း အကျဉ်းထောင်ဆေးရုံရှိ ဆရာဝန်များက တွေ့ရှိခဲ့ပြီးနောက် ၎င်းကို ဘန်ကောက်မြို့ရှိ Police General Hospital သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် သက်ဆင်ကို ပိုမိုသက်တောင့်သက်သာရှိသော ပုဂ္ဂလိကဆေးရုံများသို့ အလွယ်တကူ ပြောင်းရွှေ့ခွင့်ပြုမည် မဟုတ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သောဖြစ်ရပ်နှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကို ဖိလစ်ပိုင်အစိုးရ ဆင့်ခေါ်
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ