Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြို့နယ်အချို့တွင် ပစ်ခတ်ခံရမှုများကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ရာအိမ်မှူး (၄)ဦးထက်မနည်းသေဆုံး

Pearl (NP News) - ဖေဖော်ဝါရီ ၂၆

မြို့နယ်အချို့တွင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ရာအိမ်မှူး (၄)ဦးထပ်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။ 

ဖြစ်စဉ်မှာ  ဖေဖော်ဝါရီလ (၂၅) ရက်၊ နံနက် (၇) နာရီခွဲအချိန်ခန့်တွင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုန်းကျေးရွာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့်  အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ 

တနင်္သာရီမြို့နယ်၊  လယ်တောင်ယာကျေးရွာတွင်နေထိုင်သော  ဆင်ခြေဖုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရန်အောင်စိုးသည် အုပ်ချုပ်ရေးမှူးရုံးအနီး၌ရှိနေစဉ် အကြမ်းဖက်(၁၂)ဦးခန့်ရောက်ရှိလာပြီး ၎င်းအား သေနတ်ဖြင့်ပစ်ခတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

ထိုသို့ ပစ်ခတ်မှုကြောင့်  ဦးရန်အောင်စိုးတွင် နဖူးကျည်ထိမှန်ဒဏ်ရာ (၁) ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ(၂၄)ရက်၊ နံနက် (၁၂)နာရီအချိန်ခန့်တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ လိပ်တိုက်ကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူးအားအကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။ 

အဆိုပါကျေးရွာတွင်နေထိုင်သော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သည် ကျေးရွာအတွင်းရှိ ဈေးဆိုင်အနီး လမ်းမပေါ်၌ရှိနေစဉ် အကြမ်းဖက်အမျိုးသား(၃)ဦးက ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာခဲ့ပြီး ၎င်းအား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း သိရသည်။ 

ထိုသို့ပစ်ခတ်မှုကြောင့် ဦးစိုးမြင့်တွင် နဖူးနှင့် ဝမ်းဗိုက်ဝဲဘက်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ နေ့လည် (၁) နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပန်းယျကျေးရွာနှင့် တုန်ကုန်းကျေးရွာချင်းဆက်လမ်းပေါ်တွင် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေကြောင်းရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။

ပန်းယျကျေးရွာတွင်နေထိုင်သော ရာအိမ်မှူး ဦးသောင်းဟန်သည် တုန်ကုန်းကျေးရွာရှိ ၎င်း၏ သားဖြစ်သူ၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် (၁)ဦးတည်းသွားရောက်စဉ် အခင်းဖြစ်နေရာအရောက်၌ အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ အဆိုပါနေ့ ည(၈)နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မုဆိုးကျွန်းကျေးရွာရှိ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သော  ရာအိမ်မှူး ဦးကျော်လူးသည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမား (၃)ဦးခန့်က ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ 

ထိုသို့ ပစ်ခတ်မှုကြောင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

zawgyi version














Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သံဃာတစ်ပါး မောင်းနှင်လာသည့်ကား ချောက်ထဲပြုတ်ကျရာ ဘုန်းကြီးကျောင်းသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved