မောင်တောမြို့တွင် ငွေကျပ်သိန်း(၅၀၀)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - အောက်တိုဘာ ၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ငွေကျပ်သိန်း(၅၄၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ယမန်နေ့ (အောက်တိုဘာလ ၂၀ ရက်) တွင် မောင်တောမြို့၊ မြို့မ(အနောက်)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရပ်ကွက်ရှိ ကျော်ဇံမင်း(ခ)ကိုဇေ၏ နေအိမ်အား သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ငွေကျပ်သိန်း(၅၄၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၂၇၀၀၀)ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအား မောင်တောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား-တရုတ်ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာအသုံးပြုမှုလျှော့ချရေးအစီအစဉ်က အပြီးသတ်လုနီးပါဖြစ်နေ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း