Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကန့်ဘလူမြို့နယ်၊ ကူတောင်ဘုန်းကြီးကျောင်းရှိ စားနပ်ရိက္ခာနှင့် ဆိုင်ကယ်များကို PDF အဖွဲ့ဝင်များက အတင်းအဓမ္မ ယူဆောင်မှုဖြစ်ပွား

ပုံစာ - တိုက်ပွဲဖြစ်ပွားမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်နေသော ချပ်သင်းကျေးရွာအတွင်းရှိ လူနေအိမ်များကို တွေ့ရစဉ်

မြူနစ် (NSS) - အောက်တိုဘာ ၂၁

ကန့်ဘလူမြို့နယ်၊ ကူတောင်ဘုန်းကြီးကျောင်းရှိ ဆန်၊ ဆီ၊ စားနပ်ရိက္ခာနှင့် ဆိုင်ကယ်များကို PDF အဖွဲ့ဝင်များက အတင်းအဓမ္မ ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။


လူအင်အား(၂၀)ခန့်ရှိသော PDF အဖွဲ့ဝင်များသည် ယနေ့(အောက်တိုဘာလ ၂၁ ရက်)၊ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာရှိ ကူတောင်ဘုန်းကြီးကျောင်းသို့ လာရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့လာရောက်ပြီးနောက် ဆွမ်းစားကျောင်းဆောင်အတွင်းရှိ ဆန်၊ ဆီ၊ ဆပ်ပြာများနှင့် ဆိုင်ကယ်များကို အတင်းအဓမ္မယူ ဆောင်သွားခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်လည်း အနည်းဆုံး အစီး(၃၀)လောက်ပါတယ်။ ဆပ်ပြာ၊ ဆန်၊ ဆီကလည်း လှည်း(၂)စီးတိုက်စာလောက် ပါသွားတယ်။ ဆန်က အိတ်အားဖြင့် ပြောရမယ်ဆိုရင်တော့ (၁၅)အိတ်၊ အိတ်(၂၀)လောက် ယူသွားတာပေါ့။ အတင်း အဓမ္မနိုင်ထက်စီးနင်းလုပ်ပြီး ယူသွားတာပေါ့” ဟု ချပ်သင်းကျေးရွာဒေသခံတစ်ဦးက NSS ကို ပြောသည်။

အဆိုပါ ဆန်၊ ဆီအပါအဝင် စားနပ်ရိက္ခာများကို PDF အဖွဲ့ဝင်များက လှည်းတစ်စီးဖြင့် (၂)ကြိမ်တိတိ သယ်ဆောင်ကာ ယူဆောင်သွားခြင်းဖြစ်ပြီး လှည်းနှင့် နွား(၂)ကောင်ကိုလည်း ပြန်လည်ပို့ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ထပ်မံပြောသည်။

ထို့ပြင် PDF အဖွဲ့ဝင်များသည် ချပ်သင်းကျေးရွာအတွင်းရှိ ပြည်သူလူထုကိုလည်း (၃)ရက်အတွင်း ရွာထဲမှထွက်ခွာသွားရန် ခြိမ်းခြောက်ပြောဆိုမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ရပ်ကွက်အတွင်းမှာ ရှိတဲ့လူထုတွေကို (၃)ရက်အတွင်းထွက်။ (၃)ရက်အတွင်း မထွက်ရင် အသက်တာဝန်မယူဘူး ပြောသွားတယ်။ ရပ်ကွက်ထဲက လူတွေကို ခေါ်ပြီးတော့ အဲဒီလို ပြောသွားတယ်။ ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတော့ မရှိဘူး”ဟု ချပ်သင်းရွာခံတစ်ဦးက ပြောသည်။

ချပ်သင်းကျေးရွာ၊ ကူတောင်ဘုန်းကြီးကျောင်းရှိ စားနပ်ရိက္ခာများကို ကံကြီးရွာမှ PDF ခေါင်းဆောင် ကိုကံမြင့်က ဦးဆောင်ကာ ၎င်း၏အဖွဲ့ဝင်များနှင့်အတူ အတင်းအဓမ္မယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆက်လက်ပြောသည်။

အဆိုပါ ချပ်သင်းကျေးရွာတွင် လုံခြုံရေးစခန်းတစ်ခုရှိသော်လည်း ကျေးရွာနေပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးနိုင်ခြင်းမရှိကြောင်းလည်း ဒေသခံများက ဝေဖန်ထားသည်။

အလားတူ လွန်ခဲ့သော သြဂုတ်လ ၂၈ ရက်တွင်လည်း စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ သစ္စာပန်းတောင်းကျေးရွာအနီးရှိ မဟာမြိုင်တောရဘုန်းကျောင်းကြီးမှ ဆွမ်းဆန်နှင့် စားနပ်ရိက္ခာများကို PDF အဖွဲ့ဝင်များက ကုန်ကား(၂)စီးဖြင့် အတင်းအဓမ္မယူဆောင်လုယက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကောလင်းမြို့နယ်၌ ဒေသခံ(၂)ဦးကို PDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ကာ အမျိုးသမီးတစ်ဦးအား လမ်းပေါ်တွင်သတ်ဖြတ်ခဲ့

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved