Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန် ဓါးစာခံနှစ်ဦး စတင်လွတ်မြောက်လာပြီး ဟားမတ်စ်တို့ကို အပြီးတိုင် ချေမှုန်းမည်ဟု အစ္စရေးကြုံးဝါး

Htay Oung (NSS) - အောက်တိုဘာ ၂၁

ဟားမတ်စ်တို့က အစ္စရေးကို တိုက်ခိုက်ပြီးနောက် ပါလက်စတိုင်းလိုလားသူတို့ ဆန္ဒပြပွဲများအပေါ် ပိတ်ပင်ထားခြင်းကို ကြာသပတေးနေ့ (အောက်တိုဘာလ ၁၉ ရက်)မှာ ပြင်သစ်တရားရုံးတော်က ဆိုင်းငံ့လိုက်ပါတယ်။ အဲဒီနောက် ပါရီမြို့တော် အချက်အချာနေရာမှာ ပါလက်စတိုင်းလိုလားသူတို့က သောင်းချီစုဝေးပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်လို့ AFP က ယမန်နေ့ (အောက်တိုဘာလ ၂ဝ ရက်)မှာ ရေးသားပါတယ်။


လူထုစုဝေးပွဲဟာ အေးချမ်းစွာ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရဲတပ်ဖွဲ့၀င်များက ငရုတ်ကောင်းမှုတ်ဆေးများနဲ့ လူစုခွဲရန် ကြိုးစားလာတဲ့အတွက် ဆန္ဒပြသူများနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရကြောင်း အခင်းဖြစ်ပွားရာ နေရာရှိ AFP သတင်းထောက်များရဲ့ အဆိုအရ သိရှိရပါတယ်။

အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုများအပြီး ဒေသန္တရအာဏာပိုင်များအနေနဲ့ ပါလက်စတိုင်းလိုလားသူတို့ရဲ့ ဆန္ဒပြပွဲများကို တားမြစ်ရန် ပြင်သစ်ပြည်ထဲရေး၀န်ကြီးက အမိန့်ပေးခဲ့ပါတယ်။ ပြင်သစ်အာဏာပိုင်တို့ရဲ့ ညွှန်ကြားချက်ဟာ ဒေသအတွင်း “အင်တီဆီမိုက်တစ်” ခေါ် ဂျူးဆန့်ကျင်မှုများ အရှိန်မြင့်တက်လာခြင်းကို မီးမောင်းထိုးပြနေပါတယ်။

ဒါပေမယ့် ဒေသဆိုင်ရာ စီရင်စုများက ချမှတ်ထားသော တားပိတ်ပင်မှုဟာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်အတွက် ပြင်းထန်လွန်းပြီး ခြိမ်းခြောက်ရန် အားထုတ်မှုအဖြစ် တရားမဝင်ကြောင်း ပါရီတရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

အောက်တိုဘာလ ၇ ရက် ဟားမတ်စ်တို့က အစ္စရေးကို တိုက်ခိုက်ပြီးနောက် ပါလက်စတိုင်းလိုလားသူတို့ ဆန္ဒပြပွဲများကို လောလောဆယ် ပိတ်ပင်လိုက်ခြင်းမှာ ဆီလျော်မျှတတယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်က ပြောခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြလိုသူတွေ ဖြစ်ပေမယ့် အစ္စရေး အလံကို မီးရှို့ပြီး ဟားမတ်စ်တွေဘက်က ခုခံကာကွယ်မယ့် အစွန်းရောက် အင်အားစုတွေ ရှိနေတာကို မြင်တွေ့နေရပါတယ်လို့ ဆိုပါတယ်။

လူ့အဖွဲ့အစည်း နှစ်ရပ်အကြား ပိုင်းခြားထားတဲ့ အတားအဆီးများနဲ့ ကွန်ကရစ်တံတိုင်းများကို တွန်းဖြိုပြီး အစ္စရေးတောင်ပိုင်းအတွင်း ဟားမတ်စ်တို့က ဝင်ရောက်စီးနင်းတဲ့အတွက် အရပ်သားအများစု လူပေါင်း ၁၄၀၀ ခန့် သေဆုံးခဲ့ရတယ်လို့ အစ္စရေးတာဝန်ရှိသူများက ပြောပါတယ်။

အစ္စရေးကလည်း ဟားမတ်စ်တို့ လှုပ်ရှားရာ ဂါဇာကမ်းမြှောင်ကို အကြင်နာမဲ့စွာ ဗုံးကြဲခြင်းဖြင့် လက်တုံ့ပြန်ခဲ့တဲ့အတွက် ပါလက်စတိုင်း ၃,၇၈၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်နေတယ်လို့  ဟားမတ်စ်တို့ထိန်းချုပ်ထားတဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာမြို့အ တွင်း ပိတ်ဆို့ မှုများ ဖြစ်ပွားခဲ့ပြီး လူဦးရေ ၂ ဒသမ ၄ သန်းနေထိုင်ရာ ကမ်းမြှောင်ဒေသရဲ့ ထက်၀က်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

ပြင်သစ်နိုင်ငံစာ ဂျူးနဲ့ မွတ်ဆလင်အမြောက်အများနေထိုင်ရာ တိုင်းပြည်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ် အစ္စရေးကို ဟားမတ်စ်က တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၁၃-ရက်နေ့ ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာ အထက်တန်းပြ ကျောင်းဆရာတစ်ဦးဟာ ဓါးနဲ့ အေTထိုးသတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။ ချေချင်းဇာတိ ကျူးလွန်သူဟာ အိုင်အက်စ် ခေါ် အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့ကို သစ္စာခံသူအဖြစ် သံသယရှိတာကြောင့် ပြင်သစ်လုံခြုံရေးတို့က စောင့်ကြည့်ခံနေရသူဖြစ်ပါတယ်။ 

အခြား ကျောင်းဆရာတစ်ဦးဖြစ်သူ ဆင်မြူရယ်ပစ်တီကို ပါရီမြို့အနီးစာသင်ကျောင်းအတွင်းမှာ အစွန်းရောက် ချေချန်းလူမျိုးတစ်ဦးက ခေါင်းဖြတ်သတ်ခဲ့ပြီး သုံးနှစ်နီးပါးအကြာမှာ ယခုလိုဖြစ်ပွားကြောင်း တွေ့ရှိရပါတယ်။ ဟားမတ်စ်နဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲဟာ ကမ္ဘာလုံးဆိုင်ရာတင်းမာမှုအဖြစ် ကူးစက်လာခဲ့ပြီး အဲ့ဒီလိုဖြစ်ပွားတဲ့အတွက် အကြမ်းဖက်ခြိမ်း ခြောက်မှု အမြင့်ဆုံးအဆင့်အဖြစ် ပြင်သစ်အာဏာပိုင်တို့က သတိပေးထားဆဲ ဖြစ်ပါတယ်။

အဲဒီအတောအတွင်း အမေရိကန် ဓါးစာခံ နှစ်ဦး ပြန်လည်လွတ်မြောက်လာပြီလို့ အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟု ကပြောပါတယ်။ ကျန် ဓားစာခံအားလုံး လွတ်မြောက်ဖို့အတွက် မဆုတ်မနစ်  ဆက်လက်ကြိုးစားနေဆဲ ဖြစ်ပြီး ဟားမတ်စ်တို့အပေါ် အောင်ပွဲရရှိတဲ့အထိ တိုက်ခိုက်သွားမယ်လို့ အစ္စရေး၀န်ကြီးချုပ်က ကြုံးဝါးလိုက် ကြောင်း Reuters က ယနေ့(အောက်တိုဘာလ ၂၁ ရက်) မှာ ရေးသားပါတယ်။

ယမန်နေ့ (သောကြာ) ဝါရှင်တန်သို့ ပြန်လည်ထွက်ခွာရန် “အဲဖို့စ်၀မ်း" လေယာဉ်ပေါ်ကို တက်ရောက်နေဆဲ သမ္မတဘိုင်ဒင်ကို လေယာဉ်စက်သံများအကြား မေးခွန်းများကို သတင်းထောက်များက အော်ဟစ်မေးမြန်းခဲ့ပါတယ်။ “အစ္စရေးက ဂါဇာကို အပြင်းအထန်ဗုံးကြဲနေပေမယ့် ဓါးစာခံတွေ ပိုမိုလွတ်မြောက်လာချိန်တိုင်အောင် မြေပြင်ထိုးစစ်ကို အချိန်ဆွဲနေပါသလား” လို့ မေးမြန်းရာမှာ “ဟုတ်တယ်” လို့ ဘိုင်ဒန်က ပြန်လည်ဖြေဆိုပါတယ်။

ဒါပေမယ့် လေယာဉ်စက်သံများကြောင့် မေးခွန်းအပြည့်အစုံကို သမ္မတကြီးက မကြားလိုက်မိပဲ ပြန်လည်ဖြေဆိုခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ရှင်းလင်းချက် ထုတ်ပြန်ပါတယ်။

ယမန်နေ့ အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ ပါလက်စတိုင်း (အရပ်သားများ) ဘေးကင်းခိုလှုံရာအဖြစ် သူတို့ အမိန်ပေးထားတဲ့ ဂါဇာတောင်ပိုင်းနယ်မြေများလည်း ပါ၀င်ပါတယ်။ တစ်ချိန်တည်းမှာပဲ မြောက်ဘက်မှာ ရှိတဲ့ လက်ဘနွန်နယ်စပ်အနီးမှာရှိတဲ့ အစ္စရေးမြို့ကို ဘေးလွတ်ရာ ရွေ့ပြောင်းပေးနေကြောင်း တွေ့ရှိရပါတယ်။ အောက်တိုဘာလ ၇ ရက်ကတည်းက စစ်ကြေညာပြီးဖြစ်တဲ့ အစ္စရေးရဲ့လုပ်ရပ်ဟာ (ဟစ်ဇ်ဘိုလာတို့ကြောင့်) မတည်ငြိမ်မှုတွေ ဖြစ်လာတဲ့အခါ မိမိဘက်မှာ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ရာ ရောက်ရှိတဲ့အတွက် ဂါဇာကမ်းမြောင်အတွင်း မြေပြင်ထိုးစစ်ဆင်နေပြီဖြစ်ကြောင်း နောက်ဆုံးအရိပ်လက္ခဏာ ဖြစ်တယ်လို့ နိုင်ငံတကာ မီဒီယာကြီးများ သတင်းကို ကိုးကားပြီး “ဘော်စတွန်ဂလုပ်” သတင်းဌာနက ရေးသားပါတယ်။

သောကြာနေ့ ကိုင်ရိုမြို့ကိုရောက်ရှိသွားတဲ့ ၀န်ကြီးချုပ် ရာရှီဆူနပ်ဟာ အီဂျစ်သမ္မတအဗ္ဗဒူလ်အယ်လ် ဆီစီ၊ ပါလက်စတိုင်း (အနောက်ဘက်ကမ်း) အာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ မာမွတ်အဘတ်စ်တို့နဲ့ ဆွေးနွေးခဲ့တယ်လို့  လန်ဒန်၀န်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒေသအတွင်း စစ်ပွဲကျယ်ပြန့်မလာရေး၊ ဂါဇာကမ်းမြှောင်အတွင်း လူသားချင်းစာနာမှုအကူအညီများ ပိုမို ရောက်ရှိရေး၊ မလိုလားအပ်တဲ့ အရပ်သားသေဆုံးမှု မဖြစ်ပေါ်ရေးတို့အတွက် ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါပါတယ်။

အမေရိကန်သမ္မတ လာရောက်စဉ် ပါလက်စတိုင်းဆေးရုံပေါက်ကွဲမှုဖြစ်ပွားတဲ့အတွက် ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ပါလက်စတိုင်းခေါင်းဆောင်များဘက်က ဖျက်သိမ်းခဲ့ပါတယ်။

ဟားမတ်စ်တို့ အကြမ်းဖက်ခံရတဲ့ အစ္စရေးနဲ့အတူ ရပ်တည်ကြောင်း ပြသဖို့အတွက် တဲလ်အဗစ်ကို ရောက်ရှိ လာတဲ့ အနောက်နိုင်ငံခေါင်းဆောင်များအနက် ဆူနပ်ဟာ ဒုတိယမြောက်ခေါင်းဆောင်ဖြစ်ပါတယ်။ အီဂျစ် ရာဖာ နယ်ခြားဂိတ်မှတဆင့် ဂါဇာကမ်းမြှောင်အတွင်း လူသားစာနာမှုဆိုင်ရာအကူအညီများကို ဖြတ်သန်းခွင့် ပြုဖို့ အစ္စရေးထံမှ ကတိက၀တ်ရရှိခဲ့တယ်လို့ ပြောဆိုသူ ဘိုင်ဒင်ဟာ အဲ့ဒီအကူအညီတွေ ဟားမတ်စ်တို့လက်တွင်း မရောက်ရှိစေဖို့ စောင့်ကြည့်နေတယ်လို့ မှတ်ချက်ပေးပါတယ်။

(အာရပ်-အစ္စရေးပဋိပက္ခမှာ အမေရိကန်နဲ့ အနောက်အုပ်စုအစိုးရတို့ရဲ့ ယေဘူယျပေါ်လစီမှာ “ပါလက်စတိုင်းအစ္စရေးငြိမ်းချမ်းစွာအတူနေထိုင်ရေး” ဖြစ်ပါတယ်။ ဒါပေမယ့် ယခုသတင်းပါအတိုင်း အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်တို့ကတော့ အစ္စရေးဘက်မှ တစ်ဖက်သပ်ရပ်တည်ရေး အစဉ်အလာရှိခဲ့ပါတယ်။ ဘိုင်ဒင်နဲ့ ဆူနပ်တို့ခရီးစဉ်မှာ “ဟားမတ်စ်တို့ကို အမြစ်ပြတ်ချေမှုန်းရေး၊ အဲ့ဒီအစီအစဉ်မျာ ဆော်ဒီနဲ့ အခြားအာရပ် နိုင်ငံများက လက်ရှောင်နေရေး“ ဖြစ်နေတဲ့အပြင် ၎င်းတို့နိုင်ငံအသီးသီးရှိ ပြည်သူများအနေအထားကို သိမြက်နိုင်ရန်အတွက် ရွေး ချယ်ဖော်ပြရခြင်းဖြစ်ပါတယ်။   ။သတင်းဘာသာ ပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။) 

(AFP., 20 October 2023,” Pro-Palestinian rally draws thousands in Paris as protest ban lifted” နှင့် အခြားဆက်စပ်သတင်းများကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နေပြည်တော်၌ ကျင်းပနေသည့် နှစ်လယ်ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်၊ ကျောက်စိမ်း အတွဲပေါင်း (၄၀၀၀)ကျော် ရောင်းချသွားမည်

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved