သူလျှိုလုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဂျပန်နိုင်ငံသားတစ်ဦးကို တရုတ်အစိုးရဖမ်းဆီး
Pika (NSS) - အောက်တိုဘာ ၁၉
သူလျှိုလုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့်မတ်လတွင် ထိန်းသိမ်းခံခဲ့ရသော Astellas Pharma ကုမ္ပဏီမှ ဂျပန်နိုင်ငံသားဝန်ထမ်းတစ်ဦးကို တရုတ်နိုင်ငံက တရားဝင်ဖမ်းဆီးလိုက်ကြောင်း ကျိုဒိုသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အသက်(၅၀)ကျော်အရွယ် ဂျပန်နိုင်ငံသားတစ်ဦးကို တရုတ်အစိုးရက ဖမ်းဆီးထားကြောင်း အတည်ပြုခဲ့သော်လည်း ၎င်းသည် Astellas Pharma ကုမ္ပဏီ၏ ဝန်ထမ်းဟုတ်/မဟုတ်ဆိုသည့်အချက်ကို အတည်ပြုနိုင်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။ ဖမ်းဆီးထားသော ဂျပန်နိုင်ငံသားကို ချက်ချင်းပြန်လွှတ်ပေးရန် တရုတ်အစိုးရကို တောင်းဆိုခဲ့ကြောင်း ဂျပန်အစိုးရက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံရှိ နိုင်ငံခြား သားများသည် နိုင်ငံ၏ဥပဒေကိုလိုက်နာရမည် သို့မဟုတ် မလိုက်နာပါက တရားစွဲဆိုခြင်းကို ခံရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဖမ်းဆီးခံထားရသော ဂျပန်နိုင်ငံသားသည် တရုတ်နိုင်ငံတွင် နှစ်ပေါင်း (၂၀)ကြာ အလုပ်လုပ် ကိုင်ခဲ့ပြီး ယခင်က တရုတ်နိုင်ငံရှိ ဂျပန်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ရှင်များအသင်း ၏ အကြီးတန်းအရာရှိတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ဖူးကြောင်း ဂျပန်မီဒီယာများ၏ဖော်ပြချက်အရသိရသည်။ အဆိုပါဖမ်းဆီးမှုကြောင့် တရုတ်နှင့်ဂျပန်တို့၏ ဆက်ဆံရေးအပေါ် သံတမန်ရေးနှင့် စီးပွားရေးအရ သက်ရောက်မှုများ ရှိလာစေနိုင်ကြောင်း မီဒီယာများကဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအတွက် ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ်(၂၀၂၃) ကျင်းပမည်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း