မလှိုင်မြို့နယ်၌ ကြံစိုက်ခင်းမှပြန်လာသည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်
NSS - အောက်တိုဘာ ၁၉
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် ကြံစိုက်ခင်းမှ ပြန်လာသည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၁၆ ရက်၊ ညနေ ၃နာရီခွဲအချိန်တွင် မလှိုင်မြို့နယ်၊ သမန်းကန်ကျေးရွာမြောက်ဘက် ၃ ဖာလုံခန့်အကွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သရက္ကောင်းပင်ကျေးရွာတွင် နေထိုင်သည့် ဦးဇော်မင်း(၅၀)နှစ်သည် တစ်ရွာတည်းနေ ဦးဖိုးလှ(၄၀)နှစ်နှင့်အတူ ၎င်းပိုင် LIGHT TRUCK ကားကိုမောင်းနှင်ပြီး သမန်းကန်ကျေးရွာမြောက်ဘက်ရှိ ၎င်းပိုင်ကြံစိုက်ခင်းမှ နေအိမ်သို့ပြန်လာစဉ် အထက်ပါနေရာအရောက်၌ PDF အဖွဲ့က ကားအားရပ်တန့်ခိုင်းကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ဦးဇော်မင်းတွင် လည်ပင်းနှင့် ယာဘက်နားအနီးတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ (၂)ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ပြီး အတူပါလာသည့် ဦးဖိုးလှအား ကားနှင့်အတူ လွှတ် ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူ ဦးဇော်မင်းအား သက်ဆိုင်ရာနှင့် လုံခြုံရေးတပ်ဖွဲ့က သွား ရောက်စစ်ဆေးခဲ့ပြီး မလှိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ကျူးလွန်သူ များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ နှင့် ယူနန် အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များချုပ်ဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ