ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၌ အောက်တိုဘာလ (၂၃)ရက်တွင် မုန်တိုင်းငယ်ဖြစ်နိုင်ကြောင်း မိုးဇလခန့်မှန်း
စော (NSS) - အောက်တိုဘာ ၁၉
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၌ အောက်တိုဘာလ (၂၃)ရက်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလ၏ ခန့်မှန်းချက်များအရ သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(အောက်တိုဘာလ ၁၉ရက်)၊ မွန်းလွဲ (၂)နာရီအချိန်တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလ၏ မွန်းလွဲ (၁)နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် နောက်(၄၈)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး လာမည့် (အောက်တို ဘာလ ၂၃ ရက်)တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၌ မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း သိရသည်။
“(၂၃)ရက်နေ့မှာ မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်။ မုန်တိုင်းငယ်ကနေ ဆက်ပြီးအားကောင်းမလားဆိုတာ စောင့်ကြည့်ရမယ့်သဘောရှိတယ်။ မုန်တိုင်းငယ်က ဘယ်ကိုသွားမလဲမသိတတ်တဲ့အတွက် ဆက်ပြီးအားကောင်းဖို့ရှိတယ်”ဟု မိုးဇလမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းက NSS ကိုပြောသည်။
အကျိုးသက်ရောက်မှုအနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ပင်လယ်ပြင်တွင် မိုးသက်လေပြင်းကျပြီး လှိုင်းကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ထို့ပြင် နောက် (၂)ရက်အတွက် ခန့်မှန်ချက်အနေဖြင့် နေပြည်တော် အပါအဝင် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလှိုင်မြို့နယ်၌ ကြံစိုက်ခင်းမှပြန်လာသည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်
RELATED POSTS
23 Sep 2024 | အထွေထွေ,ပြည်တွင်း
23 Sep 2024 | အထွေထွေ,နိုင်ငံတကာ
22 Sep 2024 | အထွေထွေ,နိုင်ငံတကာ