စာပေ နှင့် အနုပညာ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေများယခုလကုန်တွင် စတင်အာဏာတည်မည်
NSS - အောက်တိုဘာ ၁၉
စာပေ နှင့် အနုပညာ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေများ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်တွင် စတင်အာဏာတည်မည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၈ ရက် ရက်စွဲဖြင့် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်သည်။
“အခုလိုစာပေအနုပညာနဲ့ စက်မှုဒီဇိုင်းတွေကိုပါ မူပိုင်ခွင့် ရလာရင်၊ စီးပွားရေးဖွံဖြိုးတိုးတက်ဖို့အတွက် အသုံးဝင်ပါတယ်။ အရင်က မြန်မာနိုင်ငံမှာမူပိုင်ခွင့်ဥပဒေတွေ တိတိကျကျမရှိတော့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ အခက် အခဲရှိတယ်။ နောင်ကာလတွေမှာတော့ မူပိုင်ခွင့်ဥပဒေတွေရှိလာလို့ လွယ်ကူလာမှာပါ” ဟု ကုန်သည်စက်မှု အသင်းချုပ်မှ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေပညာရှင်တစ်ဦးက NSS ကို ပြောသည်။
မြန်မာနိုင်ငံသည်အာဆီယံဆိုင်ရာမူပိုင်ခွင့် စည်မျဉ်းများကို သဘောတူလတ်မှတ်ရေးထိုးထားပြီးဖြစ်ရာ အာဆီယံသဘောတူညီချက်အရ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။
မူပိုင်ခွင့်များနှင့်ပတ်သတ်သည့် လုပ်ထုံးလုပ်နည်းများနှင့် မှတ်ပုံတင်ရန်လုပ်ငန်းစဉ်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မူပိုင်ခွင့်ဌာနခွဲ၌ ဝန်ဆောင်မှုများရယူနိုင်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၌ အောက်တိုဘာလ (၂၃)ရက်တွင် မုန်တိုင်းငယ်ဖြစ်နိုင်ကြောင်း မိုးဇလခန့်မှန်း
RELATED POSTS
23 Sep 2024 | အထွေထွေ,ပြည်တွင်း
23 Sep 2024 | အထွေထွေ,နိုင်ငံတကာ
22 Sep 2024 | အထွေထွေ,နိုင်ငံတကာ