'ဝ' နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်မှု၊ ပြန်ပေးဆွဲမှုများ ကျူးလွန်နေသူ(၂)ဦးကို အရေးယူရန် တရားရုံးက ဖမ်းဝရမ်းထုတ်
မြူနစ် (NSS) - အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်မှု၊ ပြန်ပေးဆွဲမှုများ ကျူးလွန်နေသူ (၂)ဦးကို အရေးယူရန် တရားရုံးက ဖမ်းဝရမ်းထုတ်ထားကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်၊ ဟိုပန်ခရိုင်တရားရုံးက ယမန်နေ့(အောက်တိုဘာလ ၁၇ ရက်)တွင် ဖမ်းဝရမ်းထုတ်ဆင့်ထားခြင်းဖြစ်ကြောင်း နစကဘက်က သတင်းထုတ်ပြန်ထားသည်။
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနယ်မြေအတွင်း ချန်ရန်ပန်(ခ)ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခ)ဟော်ချွင်ထင်တို့သည် အွန်လိုင်းလိမ်လည်မှု၊ လူကိုသွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးဆွဲမှုများကို ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ဆောင်ရွက်နေသည်ဟု တရားရုံးက ဆိုသည်။
ထို့ကြောင့် ၎င်းတို့ (၂)ဦးကို ဥပဒေအရ အရေးယူရန်အတွက် အောက်တိုဘာလ ၁၇ ရက်တွင် ဟိုပန်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်လိုက်သည်ဟု နစကမှ ထုတ်ပြန်ထားသည်။
ချန်ရန်ပန်(ခ)ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခ)ဟော်ချွင်ထင်တို့သည် အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများ၊ ရာဇဝတ်မှုများကို ကျူးလွန်နေသော ဂိုဏ်း၏ အဓိကခေါင်းဆောင်များဖြစ်ကြောင်း တရုတ်နိုင်ငံဘက်က ပြောဆိုထားပြီး ၎င်းတို့ကို ဖမ်းဆီးနိုင်ရေး သတင်းပေးမည့်သူအား တရုတ်ယွမ် တစ်သိန်းမှ ငါးသိန်းအထိ ဆုချီးမြှင့်သွားမည်ဟု ကြေညာထားဖူးသည်။
ထိုသို့ တရားရုံးမှ ဖမ်းဝရမ်းထုတ်ခံရသူနှစ်ဦးသည် ‘ဝ’လက်နက်ကိုင်အဖွဲ့ဖြစ်သော UWSP/UWSA မှ တာဝန်ရှိသူများဖြစ်ပြီး လက်ရှိတွင် ၎င်းတို့(၂)ဦးအား အဖွဲ့အစည်းအတွင်းမှ ထုတ်ပယ်လိုက်သည်ဟုလည်း UWSP/UWSA က ဆိုထားသည်။
ချန်ရန်ပန်(ခ)ပေါက်အိုက်ပန်းသည် UWSP/UWSA တွင် ဆောက်လုပ်ရေးဌာနကြီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ရှောက်ရန်ပန်(ခ)ဟော်ချွင်ထင်သည်လည်း မိုင်းလင်းခရိုင်မှူးအဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုပ်ရှင်အစည်းအရုံးကကျင်းပမည့် ဇာတ်လမ်းတိုရုပ်ရှင်ပြိုင်ပွဲတွင် Top Ten စာရင်းဝင်ပါက နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များသို့ ဝင်ရောက်ပြသခွင့်ရမည်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း