လှိုင်သာယာမြို့နယ်၌ အသက်(၂၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး အဆောင်ခန်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား
စော(NSS) - အောက်တိုဘာ ၁၈
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် အသက်(၂၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး အဆောင်ခန်းအတွင်း၌ ကြိုးဆွဲချအဆုံးစီရင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၁၈ ရက်)၊ နံနက်(၅)နာရီအချိန်တွင် လှိုင်သာယာမြို့နယ်၊ အမှတ် (၁/၁၁)ရပ်ကွက်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကရုဏာတွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“သူမှာစိတ်ရောဂါနည်းနည်းရှိတယ်။ နောက်ပြီး ညကပဲ လင်မယားချင်းကွာရှင်းပြတ်စဲထားတယ် ပြောတယ်။ အဆောင်မှူးက ရေချိုးခန်းသွားရင်းတွေ့တာပါ။ အဲဒီအချိန်မှာတွေ့လို့ ကျွန်တော်တို့ကို အကူ အညီလှမ်းတောင်းလို့ သွားတာပါ”ဟု ကရုဏာတွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အမျိုးသမီးသည် အသက်(၂၆)အရွယ်ခန့်ရှိပြီး အဆောင်ခန်းထဲတွင် ကြိုးဆွဲချအဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား လှိုင်သာယာပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်ရှိ ထောပတ်သီးပေါ်ချိန်တွင် မြန်မာ့ထောပတ်သီးများ ပြည်ပမှ အော်ဒါမှာမှု အားကောင်းနေ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း