ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် အကြမ်းဖက်အဖွဲ့မှ ထပ်မံမိုင်းခွဲဖျက်ဆီး
Pearl (NSS) - အောက်တိုဘာ ၁၇
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် အကြမ်းဖက်အဖွဲ့မှ ထပ်မံမိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကိုပြောသည်။
ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၁၇ ရက်) ၊ နံနက်ပိုင်းတွင် ပဲခူးတိုင်း၊ ပိန်းဇလုပ်ဘူတာနှင့် ထိန်ပင် ဘူတာအကြား၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် လက်ရှိအသုံးပြုလျက်ရှိသည့် မီးရထားလမ်းဟောင်း၏ သံလမ်းနှစ်ဘက်တွင် ၁၀ ပေခန့်စီပြတ်ထွက်၍ ပေ ၅၀ ခန့်စီကွေးသွားခဲ့ကြောင်းသိရသည်။
ထို့ပြင် ဆောင်ရွက်ဆဲမီးရထားလမ်းသစ်၏ သံလမ်း နှစ်ခုသည် ပေ ၉၀၀ ခန့်ပြုတ်ထွက်၍ ကွေးသွားခဲ့ပြီး ဇလီဖားတုံး ၂၀ ခန့်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အစုန်၊ အဆန်ရထားများကို ပိန်းဇလုပ်ဘူတာနှင့် ကျောက်တံတားဘူတာတွင် ရပ်နားထားကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်တွင်လည်း ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်ဘူတာအနီးရှိ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း မိုင်တိုင်အမှတ်(၉၉)တွင် အကြမ်းဖက်အဖွဲ့မှ မိုင်းခွဲဖျက်ဆီးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ယနေ့အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်း နှင့် ရထားဘူတာမြေများအတွင်း ဗုံးထောင်မှု ၁၂၆ ကြိမ် ၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၄၅ ကြိမ်၊ ဘူတာအဆောက်အအုံ နှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ်ထက်မနည်း အကြမ်းဖက်အဖွဲ့မှ ကျူးလွန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် တရားစီရင်မှုမတိုင်မီ အစိုးရရှေ့နေများ၊ တရားရုံး နှင့် မျက်မြင်သက်သေများကို ပြစ်တင်ဝေဖန်ခြင်းများ မပြုလုပ်ရန် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် တားမြစ်ခံရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ