၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် တရားစီရင်မှုမတိုင်မီ အစိုးရရှေ့နေများ၊ တရားရုံး နှင့် မျက်မြင်သက်သေများကို ပြစ်တင်ဝေဖန်ခြင်းများ မပြုလုပ်ရန် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် တားမြစ်ခံရ
Pika (NSS) - အောက်တိုဘာ ၁၇
ရွေးကောက်ပွဲ အဖျက်လုပ်ရပ်စွဲချက်များနှင့်ပတ်သက်သည့် တရားစီရင်မှုမတိုင်မီ အစိုးရရှေ့နေများ၊ တရားရုံး နှင့် မျက်မြင်သက်သေများကို ပြစ်တင်ဝေဖန်ခြင်းများ မပြုလုပ်ရန် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အမေရိကန်တရားရုံးက အမိန့်ချမှတ်လိုက်သည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် အစိုးရရှေ့နေများကို လူဆိုးအဖွဲ့တစ်ခုဟု ဝေဖန်ပြောဆိုခဲ့သလို အမှုတစ်ခုတွင် မျက်မြင်သက်သေတစ်ဦးအား သတ္တိမရှိသော ဝက်တစ်ကောင်ဟု ပြောဆိုခြင်းများပြုလုပ်ခဲ့ပြီး နောက် ယခုကဲ့သို့တားမြစ်ခံခဲ့ရခြင်းဖြစ်သည်။ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို ပြစ်တင်ဝေဖန်ခြင်း များမပြုလုပ်ရန် တားမြစ်ချက်သည် လုပ်ဆောင်ရန်လိုအပ်ကြောင်း တရားသူကြီး Tanya Chutkan က ပြောခဲ့သည်။
ဒေါ်နယ်ထရမ့်၏ ပြောရေးဆိုခွင့်ရှိသူက အဆိုပါစီရင်ချက်မှာ အခြားပါတီဝင်တစ်ဦး၏ အဖျက်လုပ်ရပ်တစ်ခုဖြစ် ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ ဒေါ်နယ်ထရမ့်က အစိုးရရှေ့နေများ၊ တရားသူကြီးများ နှင့် တရားရုံးဝန်ထမ်းကို ပြစ်တင်ဝေဖန်ပြောဆိုခြင်းများပြုလုပ်ပြီးနောက် စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေသော အထူးအတိုင်ပင်ခံ ဂျက်စမစ်က အဆိုပါတားမြစ်ချက်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မျက်မြင်သက်သေများအပေါ် ဒေါ်နယ်ထရမ့်၏ ပြစ်တင်ဝေဖန်မှုများသည် အမှုကိစ္စအပေါ် သက်ရောက် မှုများရှိနိုင်ကြောင်း ဂျက်စမစ်၏ ရုံးက ပြောကြားခဲ့သည်။ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်သည် ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် ၎င်း၏ ရှုံးနိမ့်မှုကို ပြောင်းလဲရန် ကြားဝင်စွက်ဖက်မှုဖြင့် ယခုနှစ်အစောပိုင်းတွင် တရားစွဲ ဆိုခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်အပေါ် စွဲဆိုထားသော တရားစွဲဆိုချက်လေးခုမှာ လိမ်လည်ရန် ပူးပေါင်းကြံစည်မှု၊ တရားဝင် တရားစွဲဆိုမှုကို ဟန့်တားရန် ပူးပေါင်းကြံစည်မှု၊ တရားစွဲဆိုမှုကို နှောင့်ယှက်ခြင်း နှင့် နိုင်ငံသားများ၏ အခွင့်အရေးကို ဆန့်ကျင်ရန် ကြံစည်မှုတို့ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-ထိုင်း ဓာတ်သတ္တုကဏ္ဍပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံဆွေးနွေး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း