မြန်မာ-ထိုင်း ဓာတ်သတ္တုကဏ္ဍပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံဆွေးနွေး
Pearl (NSS) - အောက်တိုဘာ ၁၇
မြန်မာ-ထိုင်း ဓာတ်သတ္တုကဏ္ဍပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယမန်နေ့ (အောက်တိုဘာလ ၁၆ ရက်)တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နှင့် ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump တို့ နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း နစကမှသတင်းထုတ်ပြန်ထားသည်။
တွေ့ဆုံစဉ် တရားမဝင်နယ်စပ်ကုန်သွယ်မှုထိန်းချုပ်ရေး နှင့် ဓာတ်သတ္တုကဏ္ဍပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Mongkol Visitst-ump ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ အောက်တိုဘာလ (၁၅)ရက်တွင် ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌တွေ့ဆုံခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်မှုတိုးမြှင့်နိုင်ရေးအပါအဝင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
BRICS အဖွဲ့၏ စီးပွားရေးမှာ G7 အဖွဲ့ထက် ပိုမိုကြီးမားလာပြီဖြစ်ကြောင်း ရုရှားသမ္မတ ထုတ်ဖော်ပြော
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း