BRICS အဖွဲ့၏ စီးပွားရေးမှာ G7 အဖွဲ့ထက် ပိုမိုကြီးမားလာပြီဖြစ်ကြောင်း ရုရှားသမ္မတ ထုတ်ဖော်ပြော
Pika (NSS) - အောက်တိုဘာ ၁၇
BRICS အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏လူဦးရေ၏ ဝယ်လိုအားညီမျှမှု(PPP) အရ G7 အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကို ကျော်တက်သွားပြီဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ပူတင်က "G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့စီးပွားရေးအချိုး နှင့် BRICS အဖွဲ့ဝင်နိုင်ငံတို့ရဲ့စီးပွားရေးအချိုးတို့ဟာ ဝယ်လိုအား ညီမျှမှု(PPP) အရ BRICS အဖွဲ့ဝင်နိုင်ငံတွေက ပိုများနေပါပြီ" ဟု ပြောခဲ့သည်။ BRICS အဖွဲ့တွင် လက်ရှိအချိန်မှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကတို့ ပါဝင်ပြီး ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလတွင် အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေးဗျ နှင့် ယူအေအီးတို့က အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရန် စီစဉ်ထား ကြောင်းလည်း သိရသည်။
စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများပါဝင်သော G7 အဖွဲ့တွင် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ နှင့် ဂျပန်တို့ ပါဝင်ကြောင်းသိရသည်။ BRICS အဖွဲ့၏ တိုးချဲ့မှုသည် အဖွဲ့အတွက် အကျိုးဖြစ်ထွန်းစေပြီး အနောက်အုပ်စုကြီးစိုးသော နိုင်ငံတကာအဖွဲ့အစည်းများအတွက် အစားထိုးအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်လာခဲ့ကြောင်း ပူတင်က ပြောခဲ့သည်။
အဆိုပါလှုပ်ရှားမှုသည် ဝင်ရိုးစုံကမ္ဘာတည်ဆောက်မည့် BRICS အဖွဲ့၏ ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်းပြသခဲ့ ကြောင်း ပူတင်က ပြောခဲ့သည်။ ထို့အပြင် BRICS အဖွဲ့ဝင်နိုင်ငံများ၏ အဓိကရည်မှန်းချက်မှာ ဝင်ရိုးစုံကမ္ဘာတစ်ခု တည်ဆောက်နိုင်ရန်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က အောက်တိုဘာလ(၁၆)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆော်ဒီအာရေးဗျကလပ်တစ်ခု၏ ကြီးမားသောကမ်းလှမ်းမှုကို ချဲလ်ဆီးနည်းပြဟောင်း ကွန်တီ ပယ်ချ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း