ဆော်ဒီအာရေးဗျကလပ်တစ်ခု၏ ကြီးမားသောကမ်းလှမ်းမှုကို ချဲလ်ဆီးနည်းပြဟောင်း ကွန်တီ ပယ်ချ
Pika (NSS) - အောက်တိုဘာ ၁၇
ချဲလ်ဆီးအသင်း နှင့် စပါးအသင်းနည်းပြဟောင်း ကွန်တီက ၎င်းသည် လာမည့်အနာဂတ်တွင် ရိုးမားအသင်း (သို့မဟုတ်) နာပိုလီအသင်းတို့၏ နည်းပြဖြစ်ချင်သောကြောင့် ဆော်ဒီပရိုလိဂ် ကလပ်တစ်ခုထံမှ ကြီးမားသော ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။
ရိုးမားအသင်း (သို့မဟုတ်) နာပိုလီအသင်းတို့တွင် နည်းပြအဖြစ် လုပ်ချင်သောကြောင့် ဆော်ဒီအာရေးဗျကလပ် တစ်ခု၏ ချဉ်းကပ်မှုကို ပယ်ချရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကွန်တီက ပြောခဲ့သည်။ ထို့အပြင် သုံးရာသီ တာဝန်ယူဖူးသော ဂျူဗင်တပ်အသင်း နှင့် လမ်းခွဲခဲ့သည့်အတွက် နောင်တရမိကြောင်း ကွန်တီက ထုတ်ဖော်ပြောခဲ့ သည်။
ကွန်တီက "ဆော်ဒီအာရေးဗျကလပ်တစ်ခုရဲ့ကြီးမားတဲ့ကမ်းလှမ်းမှုကို ကျွန်တော်ပယ်ချခဲ့ပါတယ်။ ဒီကမ်းလှမ်းမှု ကို လက်မခံနိုင်ပါဘူးလို့ပြောဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။ သုံးနှစ်ပဲ တာဝန်ယူဖူးခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ လမ်းခွဲခဲ့တာကိုတော့ တကယ်ကိုနောင်တရမိပါတယ်။ တစ်နေ့မှာ ရိုးမား (သို့မဟုတ်) နာပိုလီအသင်းတို့ရဲ့ နည်းပြ အဖြစ် အတွေ့အကြုံအသစ်တွေကို စမ်းကြည့်ချင်ပါတယ်။ ရာသီကုန်မှာ အသင်းပြောင်းရတာမျိုးကို ကျွန်တော် သဘောကျပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါတီ အကြီး၊ အငယ်၊ အဟောင်း၊ အသစ်မခွဲခြားဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟု UEC ဆို
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ