ခင်ဦးမြို့နယ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် သံဃာတစ်ပါးနှင့် အရပ်သား တစ်ဦးအပါအဝင် (၄)ဦးသေဆုံး
NSS - အောက်တိုဘာ ၁၇
ခင်ဦးမြို့နယ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် သံဃာတစ်ပါး နှင့် အရပ် သားအမျိုးသမီးတစ်ဦးအပါအဝင် (၄)ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၁၇ ရက်)၊ နံနက် (၇)နာရီ ၊ (၂၀)မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့၊ ဗလီကွေ့အနီးတွင် အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်(၂)ဦး သေဆုံးသွားခဲ့ပြီး ၎င်းတို့ထံမှ MA-1 သေနတ် (၂)လက်အား ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါနေရာအနီး ဆွမ်းခံထွက်လာသော သံဃာတစ်ပါး နှင့် အရပ်သား အမျိုးသမီးတစ်ဦးတို့တွင်လည်း ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“စျေးကိုထွက်တဲ့ ဗလီကွေ့နားမှာဖြစ်တာပါ။ စစ်သား (၂)ဦးဆုံးတယ်။ ဆွမ်းခံ ထွက်လာတဲ့ သံဃာတစ်ပါးဆုံးတယ်။ အဲဒီနားမှာရှိတဲ့ အမျိုးသမီးတစ်ဦး ဆုံးတယ်”ဟု မြို့ခံတစ်ဦးက NSS ကို ပြောသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် အကြမ်းဖက်အဖွဲ့မှ ထပ်မံမိုင်းခွဲဖျက်ဆီး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ