မကွေးတိုင်း၌ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီး(၂)ဦးပေါ်သို့ သစ်ပင် လဲကျခဲ့ရာ တစ်ဦးသေဆုံး
စော(NSS) - အောက်တိုဘာ ၁၇
မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီး (၂)ဦးပေါ်သို့ သစ်ပင်လဲကျခဲ့ရာ အမျိုးသမီး(၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၁၇ ရက်)၊ နံနက် (၈)နာရီခွဲအချိန်တွင် စလင်းမြို့နယ်၊ စလင်း-ဆင်ဖြူကျွန်းကားလမ်းပေါ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း စလင်းမြို့နယ် ကြက်ခြေနီအသင်းထံမှ သိရသည်။
အဆိုပါဖြစ်စဉ်သည် ဆိုင်ကယ်မောင်းနေသည့် အမျိုးသမီး(၂)ဦးပေါ်သို့ သစ်ပင်သည် သဘာဝအလျောက်လဲကျသွားခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ပြောပုံအရ သစ်ပင်လဲတဲ့အချိန်နဲ့ ဆိုင်ကယ်ဖြတ်တာနဲ့ ကြုံသွားတော့ သူတို့အပေါ်ကို ပိသွားတာပေါ့။ အမျိုးသမီး(၁)ဦးကတော့ အခင်းဖြစ်တဲ့နေရာမှာပဲဆုံးသွားတယ်။ တစ်ယောက်ကတော့ ရင်ခေါင်းအောင့်တယ်ပြောတယ်။ သစ်ပင်က နည်းနည်းတော့တုတ်တယ်။ လုံးပတ်က (၁)ပေခွဲလောက်ရှိမယ်။ မယ်ဇလပင်လိုဟာမျိုး”ဟု စလင်းမြို့နယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
၎င်းတို့နှစ်ဦးအား စလင်းမြို့နယ်ကြက်ခြေနီအသင်းမှ စလင်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-17 / 1:00 PM)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ