Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-17 / 1:00 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၇

အစ္စရေးဟာ လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ပစ်မှတ်များကို ညလုံးပေါက်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က အောက်တိုဘာ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 


အစ္စရေးစစ်ဘက်က "ကျွန်တော်တို့ဟာ လက်ဘနွန်ပိုင်နက်အတွင်းရှိ ဟစ်ဘိုလာ လက်နက်ကိုင်အုပ်စုတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်" လို့ ပြောပါတယ်။

အစ္စရေး နဲ့ ဟားမက်စ်အဖွဲ့ကြားစစ်ပွဲစတင်ခဲ့ပြီးနောက် မကြာမီ ဟစ်ဘိုလာအဖွဲ့တွေဟာ အစ္စရေးပိုင်နက်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အစ္စရေးဟာ လက်ဘနွန် နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့နေရာ ၁ မိုင် ကျော်အတွင်းရှိ နေရာပေါင်း ၂၈ ခုက အစ္စရေးဒေသခံထောင်ချီကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရပါတယ်။


ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဟားမက်စ်က ၎င်းတို့ဟာ ဂျေရုဆလင် နဲ့ တဲအဲဗစ်မြို့တို့ရှိ အစ္စရေးတို့ရဲ့ဒုံးကျည် ကာကွယ်ရေးအတားအဆီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဂါဇာဒေသအပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုလက်တုံ့ပြန်မှုအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဟားမက်စ်အဖွဲ့က ပြောပါတယ်။


ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်က အစ္စရေးအကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်းလူမျိုးတွေ ပြန်လွှတ်ပေးမယ်ဆိုရင် ၎င်းတို့အနေနဲ့ပြန်ပေးဆွဲထားတဲ့သူတွေကို ပြန်လွှတ်ပေးသွား ဖွယ်ရှိနေကြောင်း ပြောပါတယ်။ ဟားမက်စ်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးကို စတင်တိုက်ခိုက်ခဲ့ ပြီးနောက် အစ္စရေးနိုင်ငံသားတွေ နဲ့ အခြားနိုင်ငံသားတွေကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ အစ္စရေးအကျဉ်း ထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ ပါလက်စတိုင်းလူမျိုးအနည်းဆုံး ၆ဝဝဝ ခန့်ရှိနေပြီး၊ အဲဒီသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း ဟားမက်စ်အဖွဲ့က ပြောပါတယ်။ 

အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားစစ်ပွဲဖြစ်ပွားနေချိန်မှာပဲ ကိုလံဘီယာနိုင်ငံဟာ အစ္စရေးသံအမတ်ကြီးကို နိုင်ငံ အတွင်းမှ အမြန်ဆုံးထွက်ခွာဖို့ အမိန့်ပေးခဲ့ကြောင်း သိရပါတယ်။ ဟားမက်စ်နဲ့ အစ္စရေးကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ ပတ်သက်ပြီး ကိုလံဘီယာသမ္မတရဲ့မှတ်ချက်စကားအပေါ် အစ္စရေးနဲ့ ကိုလံဘီယာကြားအငြင်းပွားမှုတွေ ရှိခဲ့ပြီး နောက် အခုလိုမျိုးအစ္စရေးသံအမတ်ကြီးကို နှင်ထုတ်ခဲ့တာဖြစ်ပါတယ်။ 

ကိုလံဘီယာသမ္မတက ဂါဇာဒေသအပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ ဂျူးလူမျိုးတွေကို နာဇီတွေ တုံ့ပြန်တိုက်ခိုက်ပုံ နဲ့ အလားသဏ္ဍာန်တူညီနေကြောင်း ပြောပါတယ်။ 


အမေရိကန် နဲ့ အစ္စရေးတို့ဟာ ပိတ်ဆို့ခံထားရတဲ့ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် နိုင်ငံတကာရဲ့အကူအညီပေးမှုတွေကို လက်ခံဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်ဟာ အောက်တိုဘာ ၁၆ ရက်မှာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့ ၈ နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သဘောတူညီခဲ့ခြင်းဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက "‌တောင်းဆိုချက်အရ အမေရိကန် နဲ့ အစ္စရေးတို့ဟာ ဂါဇာဒေသရှိ အရပ်သား ပြည်သူတွေထံ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ၊ နိုင်ငံတကာအကူအညီတွေ လက်ခံပေးဖို့ သဘောတူညီခဲ့တယ်" လို့ ပြောပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဂါဇာဒေသကို အစ္စရေးကို စိတ်တိုင်းကြိုက်လုပ်ခွင့်ပေးမှာ မဟုတ်ဟု အီရန်အစိုးရပြော

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved