ဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဂါဇာဒေသကို အစ္စရေးကို စိတ်တိုင်းကြိုက်လုပ်ခွင့်ပေးမှာ မဟုတ်ဟု အီရန်အစိုးရပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၇
ဒေသအတွင်းရှိအီရန် ကျောထောက်နောက်ခံပေးထားတဲ့လက်နက်ကိုင်အဖွဲ့တွေဟာ ဂါဇာဒေသကို အစ္စရေးနိုင်ငံ လုပ်ချင်သလိုမျိုး လုပ်နေတာကိုခွင့်ပြုပေးမှာ မဟုတ်ကြောင်း၊ ကြိုတင်လက်ဦးမှုယူတိုက်ခိုက်မှုတွေဟာ လာမယ့်နာရီပိုင်းအတွင်း ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါ တယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Hossein Amir-Abdollahian က အစ္စရေး နဲ့ အီရန်ကြားစစ်ပွဲဖြစ်လာ မလားဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး အရာရာတိုင်းစိတ်ကူးယဉ်လို့ရကြောင်း ဆိုထားပါတယ်။
၎င်းက "ဂါဇာဒေသအပေါ် ရာဇဝတ်မှုကျူးလွန်နေတာတွေကို ရပ်တန့်အောင်လုပ်ဖို့ အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိတယ်။ အဖွဲ့အစည်းတိုင်း လုပ်ရမှာဖြစ်တယ်" လို့ ပြောပါတယ်။
ဂါဇာဒေသကိုကာကွယ်ဖို့ ပျက်ကွယ်ခြင်းဟာ အစ္စရေးရဲ့ရန်ပြုမှုတွေကိုကာကွယ်ဖို့ အီရန်နိုင်ငံကို ဦးဆောင်ခွင့် ပေးလိုက်သလိုမျိုး ဖြစ်လာခဲ့ကြောင်း ပြောပါတယ်။
၎င်းက "ဒီနေ့အချိန်မှာ ဂါဇာဒေသအပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို မကာကွယ်နိုင်ဘူးဆိုရင် မနက်ဖြန်မှာ ကျွန်တော်တို့ဟာ ကိုယ်ရဲ့မြို့တွေကို အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်ခံရမှုကနေ ကာကွယ်ရမယ်" လို့ ပြောပါတယ်။ ဟားမက်စ်အဖွဲ့အပေါ် အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ လူပေါင်း ၂၈ဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။
ဟားမက်စ် နဲ့ အစ္စရေးကြားဖြစ်ပွားနေတဲ့စစ်ပွဲကို နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာဖို့ အချိန်ကုန်သွားမယ်ဆိုရင်တော့ စစ်ပွဲက အခြားစစ်မျက်နှာဘက်ခြမ်းတွေကို ကူးစက်ပျံ့နှံ့လာနိုင်ဖွယ်ရှိနေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက မလေးရှား၊ ပါကစ္စတန် နဲ့ တူနီရှားနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာပြောခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံခြားငွေလဲလှယ်မှုနှုန်းနှင့် တရားမဝင်ကုန်သွယ်မှုတို့ကြောင့် ပို့ကုန်တင်ပို့မှု လျော့နည်းခဲ့ဟုဆို
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း