ရန်ကုန်မြို့တွင် (၂)ရက်အတွင်း ငွေကျပ်သိန်း(၁၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
သန့်ဇင်(NSS) - အောက်တိုဘာ ၁၆
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် (၂)ရက်အတွင်း ငွေကျပ် သိန်း(၁၀၀၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သော အောက်တိုဘာလ ၁၄ ရက်၊ နေ့လည် ၂နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်ရှိ သီရိရတနာယာဉ်ရပ်နားစခန်းအတွင်း၌ အဆိုပါ မူးယစ်ဆေးဝါးအချို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်ရပ်နားစခန်းအတွင်း၌ စိုင်းစွမ်းထက်ဗိုလ်(ခ)ရှမ်းလေး(၂၈)နှစ် သယ်ဆောင်လာသည့် စက္ကူဂျပ်ဖာအတွင်းမှ ငွေကျပ်(၄၁၂ ဒသမ ၅) သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်းအလေးချိန် ၁ ဒသမ ၃၇၅ ကီလိုနှင့် ငွေကျပ်(၄၀ ဒသမ ၅)သိန်းတန်ဖိုးရှိ (Happy Water) အလေးချိန် ၁၃၅ ဂရမ်အပြင် လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၃နာရီခွဲအချိန်တွင် ထွန်းထွန်းစိန်(၆၁)နှစ်အား ၎င်းနေထိုင်သည့် တောင်ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက်၊ ဘရဏီ(၁)လမ်းရှိ နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အလားတူ ယမန်နေ့(အောက်တိုဘာလ ၁၅ ရက်)၊ ညနေ ၃နာရီခွဲအချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၄)ရပ်ကွက်တွင် ငွေကျပ်သိန်း (၆၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။
အဆိုပါရပ်ကွက်တွင် မြင့်ဝင်း(၆၂)နှစ်မောင်းနင်လာသည့် MICRO BUS အမျိုးအစားကားအားအသင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ကားပေါ်မှငွေကျပ်သိန် (၆၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၄နာရီ မိနစ် ၂၀ အချိန်တွင် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချသူ ကျော်သိန်း (၇၃)နှစ်အား ၎င်းနေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၉)ရပ်ကွက်ရှိနေအိမ်၌ လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့(၄)ဦးအား သက်ဆိုင်ရာမြို့နယ်ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမူဖွင့်အရေးယူထားပြီး ကွင်းဆက်များအား ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသကို အစ္စရေးတို့ မြေပြင်ထိုးစစ်ဆင်နွှဲမယ်ဆိုရင် ဟားမက်စ်နဲ့ အစ္စရေးကြားစစ်ပွဲကို ဘယ်သူမှ ထိန်းချုပ်လို့ရမှာမဟုတ်ကြောင်း အီရန် သတိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ