ဂါဇာဒေသကို အစ္စရေးတို့ မြေပြင်ထိုးစစ်ဆင်နွှဲမယ်ဆိုရင် ဟားမက်စ်နဲ့ အစ္စရေးကြားစစ်ပွဲကို ဘယ်သူမှ ထိန်းချုပ်လို့ရမှာမဟုတ်ကြောင်း အီရန် သတိပေး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၆
အစ္စရေးတပ်ဖွဲ့တွေ ဂါဇာဒေသကိုမြေပြင်ထိုးစစ်ဆင်နွဲမယ်ဆိုရင် ဟားမက်စ်နဲ့ အစ္စရေးကြားဖြစ်ပွားနေတဲ့စစ်ပွဲကို ဘယ်သူမှထိန်းချုပ်လို့ရတော့မှာ မဟုတ်ကြောင်း အီရန်ဘက်က သတိပေးပြောဆိုလိုက်ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian ဟာ ဟားမက်စ်နဲ့ အစ္စရေးကြားဖြစ်ပွားနေတဲ့ စစ်ပွဲ ၈ ရက်မြောက်မှာ ကာတာဘုရင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
၎င်းက "အစ္စရေးတပ်ဖွဲ့တွေ ဂါဇာဒေသမြေပြင်ကို ကျူးကျော်လာမယ်ဆိုရင်တော့ အခြေအနေတွေကို ထိန်းသိမ်းလို့ရမှာ မဟုတ်ဘူး။ ပဋိပက္ခတွေ ပိုမိုမကျယ်ပြန့်အောင်လုပ်ဆောင်ဖို့ လိုအပ်တယ်။ စစ်ပွဲကို တားဆီးလိုသူတွေဟာ ဂါဇာကမ်းမြောင်ဒေသက အရပ်သားတွေကို တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို တားဆီးမှုတွေ ပိုမိုလုပ်ဆောင်ရမှာဖြစ်တယ်" လို့ ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ အစ္စရေးနဲ့ ဟားမက်စ်တို့ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးနိုင်ငံအပေါ် ထောက်ခံကြောင်းပြသခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့လုပ်ရပ်တွေကိုလည်း ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန် နဲ့ အစ္စရေးတို့ကတော့ ဟားမက်စ်နဲ့ အစ္စရေးကြားဖြစ်ပွားနေတဲ့စစ်ပွဲကို နောက်ထပ်အဖွဲ့ အစည်းနိုင်ငံတွေ ထပ်မံ မပါဝင်လာဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဟားမက်စ်အဖွဲ့ခေါင်းဆောင်၊ ဆီးရီးယား၊ အီရတ်၊ ကာတာ နဲ့ လက်ဘနွန်နိုင်ငံတို့က အစိုးရအဖွဲ့တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အီရန်အစိုးရက ဟစ်ဘိုလာအဖွဲ့ စစ်ပွဲထဲ ပါဝင်လာမယ်ဆိုရင် စစ်ပွဲဟာ အရှေ့အလယ်ပိုင်းဒေသရှိ အခြားနေရာတွေကို ပိုမိုပျံ့နှံ့လာဖွယ်ရှိနေကြောင်း၊ အစ္စရေးဟာ ကြီးမားတဲ့ ငလျင်လှုပ်ခတ်သလိုမျိုး ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သတိပေးထားပါတယ်။
အမေရိကန်အစိုးရဟာ အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မယ့်အဖွဲ့အစည်းတွေကိုကာကွယ်ဖို့ မြေထဲ ပင်လယ်ကို လေယာဉ်တင်သင်္ဘောအုပ်စုတွေ စေလွှတ်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်သုံးဆီဈေးအနည်းငယ်ပြန်တက်လာပြီး ၉၂ တစ်လီတာ ကျပ်နှစ်ထောင်ကျော်သို့ရောက်ရှိ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း