စက်သုံးဆီဈေးအနည်းငယ်ပြန်တက်လာပြီး ၉၂ တစ်လီတာ ကျပ်နှစ်ထောင်ကျော်သို့ရောက်ရှိ
NSS - အောက်တိုဘာ ၁၆
ဆက်တိုက်ကျဆင်းခဲ့သည့် ကမ္ဘာ့စက်သုံးဆီဈေးသည် ယခုရက်ပိုင်းအတွင်း အစ္စရေးစစ်ပွဲကြောင့် အနည်းငယ်ပြန်တက်လာပြီးနောက် ပြည်တွင်းစက်သုံးဆီဈေးများလည်း လိုက်ပါမြင့်တက်လျက်ရှိသည်။
လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့၌ ၉၂ ဓါတ်ဆီတစ်လီတာလျှင် ၁၉၇၅ ကျပ်ပေါက်ဈေးရှိရာမှ အောက်တိုဘာလ ၁၆ ရက်တွင် ၂၀၁၅ ကျပ်သို့မြင့်တက်လာခြင်းဖြစ်သည်။
“လက်လီဈေးကတော့တက်လာတာပေါ့။ လက်ကားဈေးကွက်ထဲမှာတော့ အများကြီးဈေးမတက်သေးဘူး။ နိုင်ငံတကာဈေးကလည်း နဲနဲပဲတက်တာပါ။ ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းတည်ငြိမ်မယ်ဆိုရင် စက်သုံးဆီဈေးအများကြီးပြန်မတက်နိုင်ပါဘူး”ဟု စက်သုံးဆီတင်သွင်းရောင်းချသူ တစ်ဦးက NSS ကိုပြောသည်။
စက်သုံးဆီတင်သွင်းရောင်းချမှုအရ ပြည်နယ်နှင့်တိုင်းအလိုက် ပို့ဆောင်ရေးကုန်ကျစရိတ်ပေါ်မူတည်ကာ ဈေးနှုန်းကွာခြားချက်များ ရှိနေကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ (အောက်တိုဘာလ ၁၆ ရက်) ထုတ်ပြန်ချက်အရ ရန်ကုန်မြို့တွင် ၉၂ ဓါတ်ဆီတစ်လီတာလျှင် ၂၀၁၅ ကျပ်၊ ၉၅ ဓါတ်ဆီတစ်လီတာလျှင် ၂၁၁၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၂၅၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၃၇၀ ကျပ်ပေါက်ဈေးရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NCA စာချုပ်က ငြိမ်းချမ်းမှုထံဦးတည်တဲ့စာချုပ်တစ်ရပ်ဖြစ်ပြီး စာချုပ်ပါကတိကဝတ်များကို လိုက်နာကြဖို့ အိန္ဒိယ နဲ့ ထိုင်းနိုင်ငံတို့ တိုက်တွန်း
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း