တာချီလိတ်တွင် ငွေကျပ်သိန်း (၂၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
သန့်ဇင်(NSS) - အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း(၂၀၀၀)နီးပါးတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် ကက်တမင်းများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ယမန်နေ့ (အောက်တိုလာလ ၁၄ ရက်)၊ နံနက် ၈နာရီခွဲအချိန်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရပ်ကွက်တွင် မင်းမင်းချစ်(ခ)မင်းမင်း(၂၂)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် စိုင်းဆရမ်း(၃၁)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ စိုင်းဆရမ်း၏ ဆိုင်ကယ်အတွင်းမှ သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်(၁၇၁၆)သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး( Happy Water)အလေးချိန် ၁ ဒသမ ၅၆ ကီလိုနှင့် လက်ကိုင်ဖုန်း (၂)လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၉ နာရီအချိန်တွင် စိုင်းဆရမ်း နေထိုင်သည့် ဆေးခမ်းရပ်ကွက်ရှိ နေအိမ်အတွင်းမှ ငွေကျပ် (၂၀၀ ဒသမ ၂)သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၈၂ ဂရမ် နှင့် ငွေကျပ် (၀ ဒသမ ၄)သိန်းတန်ဖိုးရှိ ကက်တမင်းအလေးချိန် ၄ ဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို(၂)ဦးအား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအားဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဆောင်ရွက်ချက်များကို မြန်မာကန့်ကွက်ပယ်ချ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ