ကျောင်းသား၊သူများ စာမေးပွဲဖြေဆိုပြီးပြန်လာစဉ် KKO(ခွဲထွက်) နှင့် PDF အဖွဲ့ဝင်တို့ ဗုံးများပစ်ချတိုက်ခိုက်မှုကြောင့် ကျောင်းသူတစ်ဦး သေဆုံး၊ (၃)ဦး ထိခိုက်ဒဏ်ရာရ
Pearl (NSS) - အောက်တိုဘာ ၁၄
ကော့ကရိတ်မြို့၌ ကျောင်းသား၊သူများ စာမေးပွဲဖြေဆိုပြီး ပြန်လာစဉ် KKO (ခွဲထွက်) နှင့် PDF အဖွဲ့ဝင်တို့ Drone ဖြင့် ဗုံးများပစ်ချတိုက်ခိုက်မှုကြောင့် ကျောင်းသူတစ်ဦးသေဆုံး၊ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာ ၁၃ ရက်)၊ နေ့လည်ပိုင်းတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူများ နှစ်ဝက်စာမေးပွဲဖြေဆိုပြီး ပြန်လည်ထွက်ခွာလာစဉ် ယနေ့ မွန်းလွဲပိုင်းတွင် KKO (ခွဲထွက်)အဖွဲ့ နှင့် PDF အဖွဲ့ဝင် များက Drone များ အသုံးပြု၍ ဗုံးသီးများပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ချတိုက်ခိုက်မှုကြောင့် ကျောင်းသူ ၁ ဦးသေဆုံးခဲ့ပြီး ကျောင်းသူ ၃ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာရရှိသူများမှာ စိုးရိမ်ဖွယ်ရာအခြေအနေရှိကြောင်း သိရသည်။
ထိုသို့လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ပြီး ကျူးလွန်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့်တုန့်ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NCA (၈)နှစ်ပြည့်အခမ်းအနား မနက်ဖြန် ကျင်းပမည်၊ လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားခေါင်းဆောင်များ နေပြည်တော်သို့ ရောက်ရှိနေ
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း