Barbie ရုပ်ရှင်ကားကြောင့် Birkenstock ဖိနပ်တွေ စျေးနှုန်းမြင့်လာ
ရောင်နီ (NSS) - အောက်တိုဘာ ၁၄
မကြာသေးမီက လူကြိုက်များရေပန်းစားခဲ့တဲ့ ရုပ်ရှင် "Barbie" မှာ ပါဝင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခုကြောင့် Birkenstocks ရဲ့ ကွင်းထိုးခြေညှပ်ဖိနပ်တွေဟာ သာမာန်မှ လူကြိုက်များတဲ့ဖက်ရှင်ပစ္စည်းအဖြစ် ပြောင်းလဲသွားခဲ့ ပါတယ်။
ရုပ်ရှင်ထဲမှာ "Weird Barbie" အဖြစ် သရုပ်ဆောင် ကိတ်မက်ကန်နွန် ပါဝင်သရုပ်ဆောင်ထားတဲ့ Barbie ကို ဒေါက်ဖိနပ်နဲ့ ခြေညှပ်ဖိနပ် ၂ ခုထဲက ၁ ခု ရွေးချယ်ခိုင်းတဲ့ အဓိကဇာတ်ဝင်ခန်းတစ်ခု ပါဝင်ခဲ့ပါတယ်။ အဲဒီဇာတ်ဝင်ခန်းကြောင့် တစ်ချိန်က ရေပန်းစားလူကြိုက်များခဲ့တဲ့ Birkenstock ကွင်းထိုးခြေညှပ်ဖိနပ်တွေဟာ အွန်လိုင်းမှာ ရှာဖွေမှုပြန်လည်မြင့်တက်လာခဲ့ပြီး ဖက်ရှင်တစ်ခုဖြစ်လာခဲ့ပါတယ်။
Birkenstock ကုမ္ပဏီကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ဝ ခန့်က ဂျာမနီကျေးလက်ဒေသမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Birkenstock မိသားစုနွယ်ဝင် ညီအစ်ကို အဲလက်နဲ့ ခရစ်စတီယန်တို့က ဆက်လက် အမွေဆက်ခံထားပါတယ်။ အခု "Barbie" ရုပ်ရှင်မှတဆင့် ပြန်လည်ရေပန်းစားလာချိန်မှာတော့ ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၁.၄၈ ဘီလျံ (စင်ကာပူဒေါ်လာ ၂.၀၂ ဘီလျံ) ခန့် စုဆောင်းရရှိခဲ့ပြီဖြစ်ပြီး ကုမ္ပဏီရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၉ ဘီလျံကျော်ထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
နာမည်ကျော် သရုပ်ဆောင်မားဂေါ့ရော်ဘီနဲ့ ရိုင်ယန် ဂို့စလင်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Barbie" ရုပ်ရှင်ဟာ စီးပွားရေးအရ အအောင်မြင်ဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမတ်စ်-အစ္စရေးစစ်ပွဲ လက်ရှိအခြေအနေ အပါအဝင် ၂၅ နိုင်ငံမှ နိုင်ငံသား ၂၈ဝ ကျော် သေဆုံး (သို့) ပျောက်ဆုံး နေ
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း