Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟားမတ်စ်-အစ္စရေးစစ်ပွဲ လက်ရှိအခြေအနေ အပါအဝင် ၂၅ နိုင်ငံမှ နိုင်ငံသား ၂၈ဝ ကျော် သေဆုံး (သို့) ပျောက်ဆုံး နေ

Htay Oung (NSS) - အောက်တိုဘာ ၁၄ 

၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက် နံနက်စောစော ဟားမတ်စ်များ ဦးဆောင်တဲ့ဂါဇာကမ်းမြှောင်မှ ပါ လက်စတိုင်းစစ်သွေးကြွအဖွဲ့တွေဟာ “အယ်လ်_အက္ကဆာ_လျှံတက်ခြင်း” အမည်ရှိ စစ်ဆင်ရေးတဲ့ အစ္စရေးနိုင်ငံ အတွင်း ထိုးစစ်ဆင်ခဲ့ပါတယ်။ အစ္စရေးနိုင်ငံနေရာအနှံ့အပြားကို ဒုံးကျည်စင်းရေ ၅ဝဝဝ ထက်မနည်းနဲ့ ဟန့်စစ်ဆင် တရစပ်ပစ်ခတ်နေချိန် ပါလက်စတိုင်းနဲ့ အစ္စရေးနယ်မြေအကြား အတားအဆီးပြုလုပ်ထားတဲ့စည်းရိုးနဲ့ ကွန်ကရစ် တံတိုင်း ၅ နေရာကို တွန်းဖြိုပြီး အနီးကပ်ရက် အစ္စ္စရေးစစ်အခြေစိုက်စခန်းများနဲ့ အစ္စရေးနယ်သစ်အခြေချနေရာ အချို့ကို တစ်ပြိုင်နက်တည်း ဝင်ရောက်ခဲ့ပါတယ်။ ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်းမှ ရုတ်တရက် ကျူးကျော်လာခြင်းဖြစ်ပြီး အစောဆုံး အစုအပုံလိုက် အသတ်ခံရသူများက ဂါဇာနဲ့ ကပ်ရက် သဲကန္တာရအတွင်း ဂီတ ပွဲတော်ကျင်းပနေတဲ့ အစ္စရေး ၂၆ဝ ကျော်တို့ဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာပဲ ဟားမတ်စ်အချို့က အစ္စရေး စစ်သားများနဲ့ အမျိုးသမီးကလေးငယ်များ အပါအ၀င် အရပ်သားများကို ဂါဇာကမ်းမြှောင်အတွင်း ဖမ်းဆီးခေါ် ဆောင်သွားကြပါတယ်။ အစ္စရေးအကျဉ်းထောင်များမှာ ချုပ်နှောင်ထားခံနေရတဲ့ ပါလက်စတိုင်းများနဲ့ လဲလှယ်ဖို့ ဖြစ်ပါတယ်။


ပါလက်စတိုင်းနဲ့ ဂျူးတို့အကြား (နယ်မြေပိုင်ဆိုင်ခွင့်) ပဋိပက္ခဟာ ရာစုနှစ်ချီ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ အစ္စရေး ဇီယွန်ဝါဒနဲ့ အာရပ်အမျိုးသားရေးဝါဒတို့ ထိပ်တိုက်တွေ့ကြချိန် ဒေသအတွင်း စစ်ပွဲအသွင် အရှိန်မြင့်တက်လာခဲ့ပါ တယ်။ ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံစတင်ထူထောင်ချိန်မှ ၂ဝဝ၆ ခုနှစ်အထိ ၆ ကြိမ်တိုင် အာရပ်-အစ္စရေးစစ်ပွဲ ဖြစ်ပွားခဲပြီးဖြစ်ပါတယ်။ 

စစ်ပွဲတိုင်းမှာ အစ္စရေးတို့က နယ်မြေတိုးချဲ့သိမ်းယူနိုင်ခဲ့ပြီး ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲ တတိယအကြိမ်မှာ ပါလက်စတိုင်းတို့ကို အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်အတွင်း မောင်းထုတ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးနဲ့ ထိန်းချုပ်ခဲ့ပါတယ်။ စတုတ္ထအကြိမ် နှစ်ဘက်အင်အားပြည့် အကြိတ်အနယ်တိုက်ခိုက်ခဲ့ကြတဲ့ ၁၉၇၃ ခုနှစ် ယွန်ကစ်ပူစစ်ပွဲအပြီးမှာ အိမ်နီးချင်းအာရပ်နိုင်ငံအချို့နဲ့ အပစ်အခတ်ရပ်စဲနိုင်ခဲ့ပါတယ်။ အီဂျစ်နဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်တဲ့အတွက် ဆိုင်းနိုင်းဒေသကို သိမ်းယူထားတဲ့အစ္စရေးတပ်များကို ပြန်လည်ရုတ်သိမ်းပေးခဲ့ပါတယ်။ ဂါဇာကမ်းမြှောင်နဲ့ အနောက်ဘက်ကမ်းတို့မှာ အရပ်ဘက် အုပ်ချုပ်ရေးကို ပြောင်းလဲပေးခဲ့ပေမယ့် ဂိုလန်ကုန်းမြင့်နဲ့ ဂျေရုဆလင်မြို့ အရှေ့ပိုင်းကို အစ္စရေးပိုင်နက်အတွင်း သွတ်သွင်းခဲ့ပါ တယ်။ 


ဆိုင်းနိုင်းကျွန်းဆွယ် အီဂျစ်နယ်မြေမှ အစ္စရေးတပ်များ စတင်ဆုတ်ခွာခြင်းနဲ့အတူ ပါလက်စတိုင်းနဲ့ တင်းမာမှုဟာ မြင့်တက်လာခဲ့ပါတယ်။ ဒီအတွက် ပါလက်စတိုင်း လွတ်မြောက်ရေးတပ် PLO တို့ အခိုင်မာခြေကုပ်ယူရာ လက်ဘနွန်နိုင်ငံတောင်ပိုင်းနဲ့ ဘေရွတ်မြို့တော်ကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ၁၉၈၂ ပဉ္စမနဲ့ ၂၀၀၆ ခုနှစ် ဆဋ္ဌမအကြိမ် အာရပ်-အစ္စရေးစစ်ပွဲကိုတော့ လက်ဘနွန်နိုင်ငံအတွင်းအဖြစ် ဂျူးတို့က ကန့်သတ် နိုင်ခဲ့ပြီး လက်ဘနွန်တရား၀င် ပြည်သူ့စစ်ဟစ်ဇ်ဘိုလာတို့နဲ့ အကြိတ်အနယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်ပြိုင်တည်း မှာပဲ ယာဖာအာရဖတ်ရဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးတပ်ကိုလည်း နိုင်ငံတကာကြီးကြပ်မှုအောက် အရောက်ပို့နိုင်ခြင်းဖြင့် အကြမ်းဖက်ခံရမှုများကို တားဆီးလိုက်ပါတယ်။ ၁၉၉၃ ခုနှစ် အော်စလိုသဘောတူညီချက် အပြီးမှာတော့ အစ္စရေးနိုင်ငံကို အသိအမှတ် ပြုလိုက်ရခြင်းနဲ့ PLO လက်နက်ကိုင်လှုပ်ရှားမှု နိဂုံးချုပ်သွားခဲ့တယ်။

ဒါပေမယ့် အစ္စရေးတို့ သိမ်းယူထားတဲ့ ပါလက်စတိုင်းနယ်မြေများ လက်နက်မဲ့ ကန့်ကွက်ဆန္ဒပြမှုများနဲ့ အဓိကရုန်းများ ဆက်တိုက်ဖြစ်ပေါ်နေခဲ့ပြီး ၁၉၈၇-ခုနှစ် ပါလက်စတိုင်း ဒုက္ခသည်စခန်းများအတွင်း ဖာဒါအုပ်ချုပ်မှု ဆန့်ကျင်ရေး ပထမအကြိမ်အရေးအခင်းတည်းက ဟားမတ်စ်အဖွဲ့ပေါ် ပေါက်နေပြီဖြစ်ပါတယ်။ ဆွန်နီအစ္စ လာမ်စစ်သွေးကြွများဖြစ်တဲ့ ဟားမတ်စ်တို့ဟာ အီဂျစ်အခြေစိုက် မွတ်စလင် ဘရားသားဟုဒ်မှ မြစ်ဖျားခံလာခြင်း ဖြစ်ပြီး ဇီယွန်ဝါဒနဲ့ အစ္စရေးနိုင်ငံတည်ရှိမှု ဆန့်ကျင်ရေး၊ ပါလက်စတိုင်းအမျိုးသားရေးကိုမြှင့်တင်ပြီး အစ္စလာမ်စ် နိုင်ငံထူထောင်ရေး ရည်မှန်းချက်ထားရှိပါတယ်။

အစ္စရေးတို့လက်ချက်နဲ့ ပါလက်စတိုင်းအရပ်သားများ သေဆုံးရခြင်း၊ နယ်မြေအတွင်း ဂျူးအိမ်ရာအဆောက်အအုံ များ တိုးချဲ့တည်ဆောက်ခြင်း၊ အစ္စလာမ်ဘာသာ၀င်တို့ အထွဋ်အမြတ်ထားရာ ဂျေရုဆလင် အရှေ့ပိုင်း အယ်လ်အက္ကဆာဗလီအနီး တူးမြောင်းဖောက်လုပ်ခြင်းတို့ကြောင့် ဆန္ဒပြမှုများ၊ အဓိကရုန်းများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒုတိယ ဖာဒါဆန့်ကျင်ရေးလှုပ်ရှားမှုအပြီး ၂ဝဝ၆ ခုနှစ်မှာ ဟားမတ်စ်တို့ဟာ ပါလက်စတိုင်း နယ်မြေ ၂ ခုအနက် နယ်မြေပိုမိုငယ်ရွယ်တဲ့ ဂါဇာကမ်းမြှောင်ကို အုပ်ချုပ်ခွင့် ရွေးကောက်ခံရသူများဖြစ်လာပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အကြိမ်ပေါင်းများစွာ ထိပ်တိုက်တွေ့ခဲ့ကြပြီးဖြစ်ပါတယ်။ 

ဂါဇာကမ်းမြောင်ကို ပိတ်ဆို့ထားမှုနဲ့ အစ္စရေးတို့ သိမ်းပိုက်မှုကို အဆုံးသတ်ရန် ပါလက်စတိုင်းတို့က ရည်ရွယ်ပြီး၊ အစ္စရေးတို့ကတော့ ဂါဇာဒေသအတွင်းမှ မိုးပျံဘော်လုံးများ လွှင့်တင်မီးရှို့ခြင်း၊ ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်း အပါအဝင် ပါလက်စတိုင်းအကြမ်းဖက်မှုများကို အဆုံးသတ်ရန် ရည်ရွယ်ထားပါတယ်။ ၂ဝဝ၂ - ၂ဝဝ၃ ခုနှစ်များမှာ အစ္စရေး ၃၂ နှစ်ဦး၊ ပါလက်စတိုင်း ၂၄၅ ဦးသေဆုံးရတဲ့ အကြမ်းဖက်အဓိကရုန်းများ ဖြစ်ပွားခဲ့သည့်တိုင် ဟားမတ်စ်တို့က အလုံးအရင်းနဲ့ လက်တုံ့ပြန်ခြင်း မရှိဘဲ ကြိတ်ပြီး အင်အားစုဆောင်းနေခဲ့ပုံရပါတယ်။

၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးစံတော်ချိန် ဝ၆ နာရီ ၃ဝ မိနစ် နာရီခန့် ဟားမတ်စ်တို့ရဲ့ အယ်လ်အက္ကဆာလျှံတက်ခြင်း စစ်ဆင်ရေးမှာ ပါလက်စတိုင်းအစ္စလာမ်မစ် တပ်ရင်း ၄ ခုပါဝင်ပြီး စုစုပေါင်း အင်အား ၄ဝဝဝဝ ရှိရာမှာ ၂၅ဝဝ ခန့်က အစ္စရေးနိုင်ငံအတွင်း ထိုးဖောက်၀င်ရောက်နိုင်ခဲ့ပါတယ်။ မိနစ် နှစ်ဆယ် အတွင်း ဒုံးကျည်စင်းရေး ၃ဝဝဝ ခန့် ပစ်ခတ်ခံရကြောင်း အစ္စရေးဘက်က ပြောပါတယ်။ စပိဘုတ်များ အသုံးပြီး မြေထဲပင်လယ်မှ အတင်း၀င်ရောက်ခဲ့သလို ပါရာဂလိုက်ဒါ (ခေါ်) လေဟုန်စီး ပဲ့ထိန်းလေထီးများနဲ့ ရုတ်တရက် ဝင်ရောက်နိုင်ခဲ့ပါတယ်။ အနက်ရောင်ဝတ်စုံဝတ် မျက်နှာဖုံးစွပ် ပါလက်စတိုင်းသေနတ်သမားတို့ဟာ နယ်ခြား အတားအဆီးများကိုတွန်းဖြိုပြီး အစ္စရေး ကင်းမျှော်စင်များ စစ်တန်းလျားများကို စီးနင်းကြပါတယ်။ ထရပ်ကားများ၊ ပစ်ကပ်ကားများ၊ ဆိုင်ကယ်များ၊ ဘူဒိုဇာများကိုပါ အသုံးပြုခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ အစ္စရေး တင့်ကားအချိုကို ဖျက်ဆီးပြီး စစ်သားအချို့ကို အသေပစ်သတ် အချို့ကို အရှင်ဖမ်းဆီးခေါ်ဆောင်ကြပါတယ်။ ကနဦးတိုက်ခိုက်မှုမှာ ဂျူးစစ်သားနဲ့ ရဲတပ်ဖွဲ့၀င် ၃ဝ ဦးအပါအ၀င် လူပေါင်း ၁၃ဝဝ သေဆုံးခဲ့ပြီး ၂ဝဝ ခန့် ပြန်ပေးဆွဲခံရကြောင်း လတ်တလောသိရှိရပါတယ်။

အင်အား ၅ သိန်းကျော်ရှိတဲ့ အစ္စရေးကာကွယ်ရေး တပ်မတော်ဟာ ဂါဇာကမ်းမြှောင်မှ မိုင် ၅ဝ အတွင်း အရေးပေါ် အခြေအနေကြေညာခဲ့ပါတယ်။ အရေးပေါ် ဖွဲ့စည်းလိုက်တဲ့ တဲလ်အဗစ်အစိုးရက “ဟားမတ်စ်တို့အပေါ် စစ်ကြေညာ” ပြီး ဂျူးစစ်သား သုံးသိန်းခွဲကျော်ကို ဂါဇာအနီး စုရုံးစေခဲ့ပါတယ်။ အစ္စရေးတို့က “သံမဏိဓါး_ စစ်ဆင်ရေး” အဖြစ် ဂါဇာကမ်းမြှောင်အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံမြောက်ပိုင်း လက်ဘနွန်နိုင်ငံအတွင်းမှ ဒုံးကျည်များနဲ့ပစ်ခတ်တဲ့ဟစ်ဇ်ဘိုလာတို့ကို အမြောက်ကြီးများနဲ့ တုံ့ပြန်ပစ်ခတ်ခဲ့ပါ တယ်။ ၅ ရက်ခန့်ကြာ အစ္စရေးနယ်မြေအတွင်း ရှင်းလင်းပြီးတဲ့အခါ ကမ်းမြှောင်ဒေသ ဂါဇာမြို့တော်မှ ပါလက်စတိုင်းအရပ်သား ၁.၁ သန်းကို ၂၄ နာရီအတွင်း ဘေးလွတ်ရာ ထွက်ခွာဖို့ ကမ္ဘာ့ကုလသမဂ္ဂမှတဆင့် အကြောင်းကြားလိုက်ပါတယ်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန အဆိုအရ ဂါဇာမှာ ပါလက်စတိုင်းလူမျိုး ၁၄ဝဝ ကျော်သေဆုံးခဲ့ပြီး အများစုမှာ ကလေး ၄၄၇ ဦး၊ အမျိုးသမီး ၂၄၈ ဦး အပါအဝင် အရပ်သားများဖြစ်တယ်လို့ သိရှိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရစဉ်အတွင်း ဂါဇာရောက် အစ္စရေးသုံ့ပန်း ၄ ဦးထက်မနည်း သေဆုံးတယ်ဆိုပေမယ့် ဖြစ်စဉ်နဲ့အရေအတွက်ကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိပါဘူး။ စစ်သတင်း ရယူနေတဲ့ သတင်းထောက် ၃ ဦး သေဆုံးပြီး၊ အခြား ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိတယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ပြောပါတယ်

အချိန်နဲ့အမျှ နှစ်ဘက်စလုံးမှာ သေဆုံးဒဏ်ရာရရှိသူ အရေအတွက် တိုးမြင့်နေပေမယ့် ယခုသတင်းတင်ပြချိန်အထိ စိမ့်၀င်လာတဲ့ ပါလက်စတိုင်း ၁ဝဝဝ ခန့်ကို သုတ်သင်ခဲ့တယ်လို့ အစ္စရေးအဆိုအရသိရှိရပါတယ်။ ဂါဇာမှာ ပါလက်စတိုင်း ၁၉ဝဝ ခန့်၊ အနောက်ဘက်ကမ်းမှာ ၅၁ ဦးနဲ့ လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာ ၆ ဦး သေဆုံးပါတယ်။ 

ဝါရှင်တန်ပို့စ်က ၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၁၁ ရက် အရ ဒေသတွင်းရောက် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ နိုင်ငံခြားသား ၂၄ဝ ခန့် သေဆုံး (သို့) ပျောက်ဆုံးနေပါတယ်။ အများဆုံးမှာ အမေရိကန် ၂၇ ဦးသေ ၁၄ ဦး ပျောက်ဆုံး၊ ထိုင်း ၂၁ ဦးသေ၊ ၁၆ ဦး ဓါးစားခံ၊ ၁၄ ဦး ပျောက်ဆုံး၊ ပြင်သစ် ၁၃ ဦးသေ ၁၇ ဦး ပျောက်ဆုံး၊ ယူကရိန်း ၁၂ ဦးသေ ၉ ဦး ဓါးစာခံ၊ ၈ ဦးပျောက်ဆုံ၊ နီပေါ ၁ဝ ဦးသေ ၁၇ ဦး ဓါးစာခံတို့ဖြစ်ကြပါတယ်။ ၎င်းတို့အနက်အချို့ဟာ တစ်နိုင်ငံ ထက်ပိုပြီး နိုင်ငံသား ခံယူထားကြသူများဖြစ်ပါတယ်။

ရုရှားနိုင်ငံသား ၄ ဦးသေ ၁၂ ဦး ပျောက်ဆုံး၊ တရုတ် ၃ ဦးသေ ၃ ဦးပျောက်ဆုံး၊ သီရိလင်္ကာ ၁ ဦးသေ ၂ ဦး ပျောက်ဆုံး၊ ဖိလစ်ပိုင် ၃ ဦးသေ ၂ ဦးဓါးစာခံ ၃ ဦးပျောက်ဆုံး၊ ကမ္ဘောဒီးယား ၁ ဦးသေဆုံးကြောင်း ကနဦး သိရှိရပါတယ်။


#HtayOung, #OungMarine

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျောင်းသား၊သူများ စာမေးပွဲဖြေဆိုပြီးပြန်လာစဉ် KKO(ခွဲထွက်) နှင့် PDF အဖွဲ့ဝင်တို့ ဗုံးများပစ်ချတိုက်ခိုက်မှုကြောင့် ကျောင်းသူတစ်ဦး သေဆုံး၊ (၃)ဦး ထိခိုက်ဒဏ်ရာရ

RELATED POSTS
RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved